𝐈𝐧𝐭𝐫𝐨

7.2K 423 7
                                    

Unicode

" ဝမ်ရီပေါ်  ! "

ခပ်ဆတ်ဆတ် ခေါ်သံ။

" ငါ့ ဖိနပ်ကို လာတိုက်ပေး ! "

ပန်းပင်တွေကို ရေဖြန်းနေသည့် ပိုက်ကိုကိုင်ထားသော သူ့လက်က တင်းခနဲ။

ငယ်ငယ်လေးထဲက သူဟာ ဒီအိမ်ရဲ့အလုပ်သမား သာသာ။

နယ်မှာ အိမ်မီးလောင်မှုကြောင့် မိဘတွေ ဆုံးတော့ ၁၃နှစ်အရွယ် သူဟာ မိဘမဲ့ ဖြစ်ခဲ့ရ၏။

ကူကယ်ရာ မဲ့နေချိန် သူ့ဘကြီးက သူ့ကိုမွေးစားကာ ခေါ်ယူ ခဲ့ခြင်းကြောင့် သူ အိုးမဲ့ အိမ်မဲ့ တစ်ကောင်ကြွက် တော့ မဖြစ်ခဲ့။

ဒီအိမ်ကြီးက ဘကြီးအလုပ်လုပ်သည့် အိမ်။

တစ်လုပ်စားဖို့ သူ့ကျေးဇူး ဆိုသလို ဒီအိမ်က ထမင်းကို စားနေသရွှေ့တော့ ဒီအိမ်ရဲ့ အလုပ်ကို လုပ်ပေးရမည် ဟူသည့် အသိစိတ်ဓာတ်က ဝမ်ရီပေါ်တွင် ရှိ၏။

ငယ်ပေမဲ့ ဝမ်ရီပေါ် က သိတတ်၏။ လူရိပ်လူကဲလဲ ခတ်တတ်၏။

လုပ်စရာ ရှိသည့် အလုပ်များကို လုပ်ပြီးလျှင် ကျောင်းသွားရင် သွား ။ မဟုတ်ရင် သူကျောချရာ အခန်းငယ်လေးထဲ မှာ နေနေတတ်၏။

ပြသာနာ တစ်ခုတော့ ရှိသည်။

အဲ့တာက ဒီအိမ်ရဲ့ သား ရှောင်းကျန့် ပင် ။

ဘာဖြစ်လို့မှန်းမသိ။ သူ့ကိုဆို အနိုင်ကျင့်ချင်သည်။

အမြဲတမ်း တစ်ခုပြီး တစ်ခု ခိုင်းနေတတ်စမြဲ။

အိမ်မှာ အလုပ်သမားတွေ အများကြီးရှိပါလျှက်နဲ့
အကုန်လုံး သူ့လက် သူ့ခြေ လိုက်လုပ်ပေးရသည်။

သူဒီအိမ်ကို စရောက်ကတည်းက ရှောင်းကျန့် ဟာ သူ့ကို အလိုမကျ ခဲ့ခြင်းပင်။

ဘယ်လောက်ဘဲ သူ့အလိုကျ လုပ်ပေးလုပ်ပေး
ပြောလာသည့် စကားကတစ်ခွန်းတည်း။

ငါမင်းကို ကြည့်မရဘူး မုန်းတယ် ဝမ်ရီပေါ် တဲ့။

အကြောင်းပြချက် မယ်မယ်ရရ မရှိပါဘဲ ဘာလို့ သူ့ကို မုန်းတီးနေသည်ကို စဥ်းစားမရပေ။

ဒီအိမ်ကို ရောက်တာ ၁နှစ်ကျော်ပြီး သူ့အသက်တောင် ၁၄ နှစ် ရှိပြီ။
ရှောင်းကျန့် နဲ့ က အဆင်ပြေသည်ဆိုလို့ တစ်ခါမှ မရှိပေ။

𝐂𝐡𝐨𝐜𝐨𝐥𝐚𝐭𝐞  𝐓𝐫𝐚𝐩 (completed )Wo Geschichten leben. Entdecke jetzt