2

3.1K 428 15
                                    

Unicode

မျက်စိရှေ့ ရောက်လာသည့် ချောကလက် ကိတ်ကို ဇွန်းလေးနဲ့ ခပ်စားလိုက်သည်။

မဆိုးပါဘူး ။

ဝမ်ရီပေါ် က ကိတ်မုန့်လုပ်ရာမှာ ပါရမီပါတယ်နဲ့တူတယ်။

ဒါပေမဲ့ ဘယ်လို လုပ်မလဲ?

ရှောင်းကျန့် က သူ့ကို ကလပ်တက်ခွင့် ပိတ်အောင် လုပ်လိုက်တဲ့ ဝမ်ရီပေါ်ကို ဒုက္ခသေးသေးလေးရော အကြီးကြီးရော ပေးချင်သေးတာပေါ့။

တက္ကသိုလ်တောင် ဆက်မတက်ဘဲ ဒီလောက်ထိ အပြင်ထွက်ပြီး အလုပ်လုပ် ပိုက်ဆံရှာနေရအောင် အဲ့လောက်တောင်မှ ငွေလိုချင်နေတာလား ဝမ်ရီပေါ် ။

ရှောင်းကျန့် မကောင်းစိတ်ကလေး နဲ့ ချောကလက်ကိတ်မုန့်ကို သူ့အကျီပေါ် မှောက်ချလိုက်သည်။

ရှောင်းကျန့် မှာ သူဘဲ တမင်တကာ မှောက်ချပြီး ဝမ်ရီပေါ် အား အပြစ်ရှာသည်။

" အ့...​ပေကုန်ပြီ မင်းဘယ်လို လုပ်လိုက်တာလဲ"

ရှောင်းကျန့် စကားကြောင့် ဝမ်ရီပေါ် မှာ ဘာမှ မပြောနိုင် ဖြစ်သွားရသည်။

တကယ်ဘဲ သူက ဘာမှ မလုပ်ဘူးလေ။

" ဘာကြောင်ကြည့် နေတာလဲ မင်းလုပ်တာ ပေ
သွားပြီ ၊ ဆိုင်ရှင်....ဆိုင်ရှင်! !! "

" ဘာဖြစ်လို့လဲ ခင်ဗျာ"

ဘာစကားမှ မပြောဘဲ ကြည့်နေသည့် သူ့ကို အော်ကာ ဆိုင်ရှင်အား လှမ်းခေါ်တော့ ဆိုင်ရှင်က အနားသို့ ရောက်လာသည်။

" ဘာဖြစ်ရမှာလဲ ဝန်ထမ်းကို ဘယ်လို လူတွေ ခန့်ထားတာလဲ ဒီမှာကြည့် အကုန် ပေကုန်ပြီ ဒီအကျီတစ်ထည် ဘယ်လောက်ကျတယ် ထင်လဲ?"

" တောင်းပန်ပါတယ် ခဗျာ တောင်းပန်ပါတယ် "

ဆိုင်ရှင်က မျက်နှာအပျက်ပျက်နှင့် ဝမ်ရီပေါ် အား တစ်ချက် လှည့်ကြည့်သည်။

" မကျေနပ်နိုင်ဘူး "

" ကျေနပ်အောင် လုပ်ပေးပါ့မယ် ခင်ဗျာ ဧသည်စိတ်တိုင်းကျ ဖြစ်စေရပါမယ် "

ဆိုင်ရှင် စကားကို ကြားရတော့ ရှောင်းကျန့် က ပြုံးကာ ဝမ်ရီပေါ် အား တည့်တည့်ကြည့်၍

𝐂𝐡𝐨𝐜𝐨𝐥𝐚𝐭𝐞  𝐓𝐫𝐚𝐩 (completed )Tahanan ng mga kuwento. Tumuklas ngayon