............

"Hello ဦးမောင်အေးလား "

ကျွန်မပြောနေရင်းတန်းလန်း ဒိတ်က ခြံထဲကို ဖုန်းလှမ်းဆက်တာကြောင့် ကျွန်မကြောင်ပြီး ငေးကြည့်နေမိသည်။

" ကျွန်တော် ဒီနေ့ ခြံထဲမလာတော့ဘူးနော်
မနက်ဖြန်မှပဲ စောစောလာခဲ့တော့မယ် "

" ................................... "

" ဟုတ်ကဲ့ ဟုတ်ကဲ့
အဲ့ဒါဆို ဒါပဲနော် ဦးလေး "

ဒိတ်ဖုန်းချလိုက်တော့မှ

" ဒီလိုမှန်းသိရင် မပြောပါဘူး ဒိတ်ရယ်
မမက မင်းအားတဲ့ရက်မှပဲ "

" မမအတွက်ဆို တစ်ရေးနိုးလည်း အားပါတယ် "

ကျွန်မကို မကြည့်ပဲ ရုပ်တည်တည်ကြီးနဲ့ ပြောနေသော သူ့ကို ကျွန်မ ငေးကြည့်နေမိပါသည်။

မနက်စာ စားဖို့အတွက် သူနဲ့ကျွန်မ မြို့ထဲခဏ ထွက်ခဲ့ပါသည်။ ဆိုင်ကယ်ကို တစ်နေရာမှ အပ်ထားခဲ့ပြီး နှစ်ယောက်အတူတူ လမ်းလျှောက်ကာ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်နဲ့ မမောပမ်းနိုင်ပေ။

" မမ ဘာစားမလဲ ဘယ်ဆိုင်ဝင်မလဲ "

" ရတယ် မမက ကော်ဖီပဲသောက်မှာ ဒိတ်ကရော "

" ကျွန်တော်လည်း ကော်ဖီပဲ "

ကော်ဖီဆိုင်ထဲ နှစ်ယောက်အတူ ဘေးချင်းကပ်ထိုင်ကာ

" မင်းရည်းစားထားဖို့ စိတ်မကူးတော့ဘူးလား "

" အစမရှိ အဆုံးမရှိ "

" မင်းချစ်တဲ့သူတစ်ယောက်ယောက်လေ မတွေ့သေးဘူးလားလို့ "

" ကျွန်တော်က မမကို ချစ်တာလေ "

" မမမှာ ချစ်သူရှိတယ် "

" ချစ်နေရရုံနဲ့ ဖြစ်ပါတယ် "

" မပင်ပန်းဘူးလား "

" အဆင်ပြေပါတယ် "

" မင်း တခြားတစ်ယောက်ယောက်ကို ချစ်ကြည့်လို့ မရဘူးလား ဒိတ် "

ကျွန်တော် စိုက်ကြည့်နေလိုက်သည်။ ချစ်နေရသူဘက်ကတောင် အဆင်ပြေပါတယ်ဆိုတာ အချစ်ခံရသူဘက်က အားနာနေသေး။

" အခုကျွန်တော့်ကို မမနားက မရှိစေချင်တာလား
မရှိစေချင်ဘူးဆို ကျွန်တော်ထွက်သွားပေးလို့ ရတယ်
မချစ်စေချင်ဘူးဆိုရင်တော့ ဒါကတော့ မရဘူး "

မမ ( Complete )Where stories live. Discover now