CHAPTER-5

428 89 7
                                    

UNICODE

အပိုင်း ()

ရှဲ့ပိုင် မှုခင်းဆေးပညာဌာနမှ ဖုန်းလက်ခံရရှိသည့်အချိန်၌ ကြောင်နက်လေးအား တစ်ဝက်တစ်ပျက် ရေချိုးပေးနေဆဲဖြစ်သည်။ ကြောင်နက်လေး၏ခေါင်းထက်၌ ဆပ်ပြာပူစည်ဖောင်းများ အထပ်လိုက်ရှိနေ၏။ အမွေးများကလည်း ရေရွှဲရွှဲစိုနေသဖြင့် ကြည့်ရသည်မှာ ရယ်စရာကောင်းသလို သနားစရာလည်း ကောင်းနေတော့သည်။

ရှဲ့ပိုင်က ဖုန်းပြန်ဖြေလိုက်၏။

"ဘာဖြစ်တာလဲ?"

"ဒီညတော့ ငါတို့အိပ်လို့မရလောက်တော့ဘူး ရှောင်ရှဲ့ရေ.. ဒီကို မြန်မြန်သာလာခဲ့တော့.. ခမ့်ဟယ်ဆေးရုံရဲ့ *OB-GYN ဌာနရဲ့ သန့်စင်ခန်းကြမ်းပြင်ပေါ်မှာ လူသေလောင်းအပိုင်းတွေမှ အပုံလိုက်ကြီးတဲ့.. ဆိုးဆိုးရွားရွားပဲဟ.. လူအားလိုနေလို့ မြန်မြန်လေးလာခဲ့ပေး"

[T/N = OB-GYN က သားဖွားမီးယပ်ဌာန OG ကို ဆိုလိုတာပါ။ ]

လုပ်ဖော်ကိုင်ဖက်က အလျင်စလို ရှင်းပြလာ၏။ ဖုန်းခေါ်လာသူ​၏ဝန်းကျင်တစ်ဝိုက်ကလည်း အလွန်အမင်း ဆူညံနေသည်။ ထိုသို့သော သွေးပျက်ဖွယ်အခြေအနေက လူအတော်များများကို စိတ်ချောက်ချားစေလိမ့်မည်။

"ချက်ချင်းလာခဲ့မယ်"

ထို့နောက် ရှဲ့ပိုင်လည်း ဖုန်းချလိုက်၏။

တာဝန်မဲ့သည့်ပုဂ္ဂိုလ်မှာတော့ ခေါင်း၌ဆပ်ပြာပူစီဖောင်းအပုံလိုက်နှင့် ကြောင်နက်လေးကိုပင် လှည့်မကြည့်နိုင်တော့ဘဲ ကုတ်အင်္ကျီနှင့်လည်စည်းပဝါကို အလျင်အမြန်ဝတ်ဆင်ကာ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားတော့သည်။ တံခါးပိတ်သွားသော်လည်း လှေကားဆင်းသွားသူ၏ချောင်းဆိုးသံကိုတော့ အတိုင်းသား ကြားနေရသေး၏။

မျက်နှာသစ်ကန်ထဲ ကျန်ရစ်သော ကြောင်နက်လေးမှာတော့ ရှဲ့ပိုင် ဤမျှလောက်အထိ လွန်လွန်ကဲကဲ ပုံကြီးမချဲ့သင့်ဟု တွေးတောခြင်းမပြု။ ဖောင်းဖောင်းမို့မို့ လက်ဖဝါးလေးများဖြင့် ကန်ဘောင်ကို ထောက်ကာ တဒင်္ဂမျှတော့ ကြောင်အမ်းအမ်းဖြစ်သွားသေး၏။ အသက်ရှင်ဖို့ရာ အကြောင်းရင်းရှိမနေသော ကြောင်နက်လေးက ကန်ဘောင်ကို ဗြန်းခနဲ ရိုက်ချလိုက်သည်။

မဖိတ်ခေါ်ဘဲ ရောက်လာလေသူ || The Yin GuestWhere stories live. Discover now