သူနှလုံးရောဂါရတော့မယ်။ ရင်တုန်နေပြီ။

“မပြောချင်ဘူးလား..?”

မတ်တပ်ရပ်နေပြီး တစ်ချိန်လုံး အမူအယာပြောင်းလဲနေပေမယ့် အခုထိဘာမှမပြောလာသေးတဲ့ ရွှယ်ယို့ရှန်းကိုကြည့်ပြီး ရင်းဆုယဲ့ရဲ့ မျက်ဝန်းတွေထဲမှ မျှော်လင့်ချက်အရိပ်အယောင်တွေ မှေးမှိန်ဖျော့တော့လာခဲ့တယ်။

“မဟုတ်ပါဘူး.. ရုတ်တရက်ဆိုတော့ ဘာပြောရမှန်းမသိဖြစ်နေတာ.. စဉ်းစားလို့ရအောင် အချိန်ခဏ ပေးလို့ရမလား..?”

ရင်းဆုယဲ့ဝမ်းနည်းသွားမှန်းသိတော့ ရွှယ်ယို့ရှန်းလည်း ရင်းဆုယဲ့ရဲ့ မေးခွန်းကို ချက်ချင်း ငြင်းဆိုပစ်လိုက်တယ်။ ရင်းဆုယဲ့နဲ့ သခင်-အစေခံစာချုပ်အရ ချည်နှောင်ထားမိကတည်းက ဒီလိုပြဿနာမျိုးဖြစ်လာနိုင်တာကို သိပြီးသားဆိုတော့ အခုအခြေအနေကို အခွင့်ကောင်းယူပြီး တချို့ကိစ္စတွေကို ဖြေရှင်းထားမှဖြစ်မယ်။ အဲ့တာမှ သူတို့နှစ်ယောက် ပိုပြီးအဆင်ပြေလာမှာ။

သူလည်း လူသတ်သမားကြီးရင်းဆုယဲ့ကို တည်တည်ငြိမ်ငြိမ်နဲ့စကားပြောချင်ပေမယ့် နည်းနည်းတော့ စိတ်ပြင်ဆင်ရဦးမယ်လေ။

ရင်းဆုယဲ့က လူသတ်ရင် မျက်တောင်မခတ်ဘူး။ သူကိုယ်တိုင်ထုဆစ်ခဲ့တဲ့ ဗီလိန်အကြီးစားကြီးဆိုတော့ သုံးဖက်မြင်အတွေးမျိုး တွေးတတ်လောက်မှာမဟုတ်ဘူး။ သူ့လက်ကနေမွေးဖွားလာခဲ့တဲ့ ဒီဇာတ်ကောင်နဲ့ပက်သက်ပြီး အတော်လေးရင်းနှီးတယ်။

ရင်းဆုယဲ့က တကယ်​တော့ လုံးဝပြီးပြည့်စုံ​နေတဲ့လူ မဟုတ်ဘူး။ အတိတ်ရဲ့ ခက်ခဲမှုတွေကြောင့် ရင်းဆုယဲ့ရဲ့အကျင့်က နည်းနည်း​အစွန်းရောက်တယ်။ ပြောချင်တာက ရင်းဆုယဲ့ဆိုတာ မိစ္ဆာစိတ်ဝင်မနေရင်တောင် လူတွေကို ကူညီပေးတတ်တဲ့ လူကောင်းသူကောင်း ဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။

အဲ့တော့ သူ့အပေါ်ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတတ်တဲ့ ရင်းဆုယဲ့ရဲ့ အကျင့်တွေကြောင့် စိတ်ချမ်းသာရတယ်ဆိုပေမယ့် တစ်ချိန်တည်းမှာပဲ မသိုးမသန့် ခံစားနေခဲ့ရတယ်။ ဒါပေမဲ့ သူ့နောက်ကွယ်မှာ ခိုးကြောင်ခိုးဝှက်လူသတ်နေတဲ့ ရင်းဆုယဲ့ကို တွေ့လိုက်ရတော့မှ ရွှယ်ယို့ရှန်းလည်း စိတ်သက်သာရာရသွားတော့တယ်။ သူ့ဝတ္ထုထဲက ဇာတ်ကောင်က OOC မဖြစ်သေးဘူးပဲ။ ရင်းဆုယဲ့ကတော့ တကယ့်ရင်းဆုယဲ့ပါပဲ..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now