4

254 25 0
                                    

Zawgi
ကြိုး-4
______

မင်းကအရင်ကလိုကိုယ့်ကိိုအချိန်ပြန်ပေးပြီးပြန်ပျော်ရွှင်စေခဲ့တယ်။တနေ့တော့ကိုယ့်မွေးနေ့တွက်ကိုယ်တို့ပုဂံကိုဘုရားဖူးထွက်ခဲ့တယ်။ရွှန်းသစ်ဝေကဘယ်ကနေသတင်းကြားသွားမှန်းမသိ။

ကိုယ့်ကိုအတင်းလာတောင်းဆိုတယ်။သူပါအတူလိုက်ချင်ကြောင်းကို ကိုယ်လည်းအားနာတော့သူ့ကိုပါလိုက်စေဖို့သဘောတူခဲ့တယ်။ကိုယ့်သူငယ်ချင်း၂ယောက်ရယ်မင်းနဲ့မင်းသူငယ်ချင်းတွေရယ်ရွှန်းသစ်ဝေရယ်အာလုံး၁၀ယောက်အတူတူသွားဖြစ်ကြတယ်။

ကားပေါ်မှာထိုင်ကျတော့ရွှန်းသစ်ဝေကသူနဲ့ခင်တဲ့အဖော်ဆိုမင်းတစ်ယောက်ထဲရှိတယ်ဆိုတဲ့အကြောင်းပြချက်လေးကိုအခွင့်ယူပြီးမင်းနဲ့အတူထိုင်ခဲ့တယ်။မင်းကလည်းလက်ခံခဲ့တယ်။

သူထိုင်နေခဲ့တဲ့နေရာကကိုယ်ထိုင်ဖို့ရွေးထားခဲ့တဲ့နေရာလေးဆိုတာမင်းမသိတာလား မသိချင်ယောင်ဆောင်နေခဲ့တာလား။

ပုဂံမှာကိုယ်တို့ဘုရားအတူလိုက်ဖူးကြတော့ကိုယ်လည်းမင်းနဲ့အတူအမှတ်တရဓါတ်ပုံတွဲရိုက်ဖို့တောင်းဆိုတော့မင်းငြင်းခဲ့တယ်။

မင်းနဲ့ရွှန်းသစ်ဝေတို့ကလိုင်းပေါ်မှာအရမ်းလိုက်ဖက်တဲ့စုံတွဲတွေဆိုပြီးနာမည်ကြီးနေတာ။တခြားသူနဲဲ့ဓါတ်ပုံတွဲရိုက်လိုက်ရင်မင်းတို့ရဲ့Likeနဲ့followerတွေကိုထိခိုက်လိမ့်မယ်ဆိုပြီးရက်စက်စွာမင်းပြောခဲ့တယ်။

ကိုယ့်မှာတော့နာနာကျင်ကျင်နဲ့ကိုပြုံးပြီးရပါတယ်လို့မင်းကိုပြောခဲ့ရသေးတယ်။ချစ်ရသူနဲ့ပျော်ရွှင်ဖို့ကောင်းတဲ့အမှတ်တရရှိနေရမဲ့ပုဂံမှာကိုယ့်အတွက်တော့နာကျင်မှုတွေကပုဂံနဲ့အတူအမှတ်တရဖြစ်ခဲ့တယ်။

တစ်ယောက်ထဲပြသာဒ်ပေါ်မှာနေဝင်ဆည်းဆာရဲ့အလှကိုခံစားပြီးမင်းကြောင့်တမြေ့မြေ့နဲ့နာကျင်ပြီးငိုရသေးတယ်။

ခံစားချက်ကိုထုတ်မပြတတ်တဲ့ကိုယ်နဲ့ခံစားချက်ကိုဦးစားမပေးတတ်တဲ့မင်းနဲ့တော့ခက်ချေပြီ။မင်းနဲ့ရွှန်းသစ်ဝေတို့ကတခြားသူတွေအမြင်မှာတော့ချစ်သူတွေလိုဖြစ်ခဲ့တယ်။

ႀကိဳး (ကြိုး)Where stories live. Discover now