ကျင်းယွမ်က ရယ်မောလိုက်ပြီး နှစ်ယောက်သား ထိုအတိုင်းလေးသာ ပွေ့ဖက်နေကြသည်။ ရိဟန်သည် ကျင်းယွမ်ရဲ့ ရင်ဘက်က အားပြင်းပြင်းဖြင့် ခုန်နေသော တစ်ဒုတ်ဒုတ်သံကို ရှင်းရှင်းလင်းလင်း ခံစားနေရပြီး ထိုအားကောင်းလှသည့် တုန်ခါမှုက ထိုသူရဲ့ ရင်ဘက်ကနေ ဖြတ်ကာထွက်ပေါ်လာခြင်းပင်။ ထိုအရာ အားလုံးက သူ့ကို လုံခြုံတယ်ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပြီး အချိန်တွေကုန်ဆုံးသွားတဲ့ အထိ ဘယ်တော့မှ မခွဲခွာပဲနဲ့ ဒီအတိုင်းလေး ပွေ့ဖက်ထားချင်မိတာ

ကျင်းယွမ်ကတော့ ချစ်ခင်မြတ်နိုးလှစွာနဲ့ သူ့ကိုဆက်ပြီး ဖွဖွလေးပုတ်ပေးနေ၏။

"ကောင်းပါပြီ" သူကပြောလိုက်သည်။

"အဝတ်သွားလဲတော့, မင်းမိဘတွေက မင်းကိုခေါ်ပြီး လူကြီးမင်းယန်ဆီ သွားလည်ပတ်မလို့တဲ့, သူ့ကို ကျေးဇူးသွားတင်ရမယ်လေ, သူက မင်းကိုကယ်ဆယ်ရေး လုပ်တဲ့အချိန်မှာ လက်ငှားပေးခဲ့တာ, ချန်ကျင်းနဲ့ဖန်းရီတို့က ရဲတပ်ဖွဲ့ကို သူဖိအားပေးပြီးမှသာ မင်းကိစ္စကို တာဝန်ယူလိုက်ကြတာ, ကိုယ်တို့မှာ အဲ့ဒီအဖွဲ့ရှိလို့လည်း မင်းကိုအချိန်မှီ ကယ်တင်နိုင်ခဲ့တာလေ, လူကြီးမင်းယန်က ကိုယ်တို့လို မဟုတ်ဘူး, သူနဲ့မင်းရဲ့ ကြားမှာဘာမှ ဆက်စပ်မှုမရှိပဲနဲ့ သူက အများကြီး ကူညီပေးခဲ့တာဆိုတော့ ကိုယ်တို့သူ့ကို ကျေးဇူးအများကြီးတင်နေပြီ"

"ဒါဆိုငါသူ့ကို ကိုယ်တိုင်သွားပြီး ကျေးဇူးတင်စကား ပြောသင့်တာပေါ့" ရိဟန်က ခေါင်းညိတ်ပြပြီး ပြောလာလေသည်။
"ဘယ်လိုလက်ဆောင်မျိုး ပြင်ဆင်သွားသင့်လဲ?"

"အဲ့ဒီအတွက်တော့ မင်းစိတ်ပူစရာ မလိုဘူး" ကျင်းယွမ်က ပြန်ဖြေပြီး သူ့လက်က ရိဟန်ရဲ့ ဆံပင်များအား ချောမွေ့စေရန် သပ်ပေးနေသည်။

"မင်းမိဘတွေက လက်ဆောင်ပြင်ပြီးနေပြီ, တကယ်တော့ မင်းကိုကယ်တင်ပြီးတဲ့ ညမှာပဲ မင်းအဖေက လူကြီးမင်းယန်ကို ဖုန်းခေါ်ပြီး ကျေးဇူးတင်စကား ပြောပြီးပြီ, မင်းဆေးရုံမှာ ရှိနေတုန်းကလည်း မင်းမိဘတွေနဲ့ ကိုယ်နဲ့ သူ့ကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား သွားပြောလိုက်သေးတယ် ဒါပေမဲ့ ကယ်တင်ခံရတဲ့လူကမင်းလေ, အခုမင်းက အဆင်ပြေနေပြီဆိုတော့ ကိုယ်တိုင် သွားလည်မှ သဘာဝကျတာပေါ့, ချည်နှောင်မှုအားလုံးက ပျော်ရွှင်ဖွယ် အဆုံးသတ်တစ်ခု ဖြစ်သွားလိမ့်မယ်"

(Completed) Reborn as a good childWhere stories live. Discover now