ကျင်းယွမ်မှာ ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။

"ရုပ်ရှင်တွေက အမြဲတမ်း အလွန်အကျူး ပြတတ်တာပဲလေ" သူကပြောလေသည်။
"လက်တွေ့ဘဝမှာ ဒီလောက်ရူးသွပ်တဲ့သူတွေ ဘယ်လိုရှိနိုင်မှာလဲ?"

တကယ်ရှိတယ်! ငါအာမခံနိုင်တယ်! ဒါပေမဲ့ အဲ့ဒီလူကတော့ အက်ဆစ်နဲ့ ပတ်တာမဟုတ်ဘူး, သူက ကားတိုက်ပြီး သတ်ဖို့ပဲ ကြိုးစားတာ!

ဒါပေမဲ့ ဒီစကားတွေကို သူထုတ်ပြောလို့မှ မဖြစ်နိုင်တာ။ သူလုပ်နိုင်သမျှက ခြောက်ကပ်ကပ်ရယ်ရင်း ပြောလိုက်ခြင်းသာ

"ဒါက ကြိုတင်ကာကွယ်မှု တစ်ခုပါပဲ, အမြဲတမ်း သတိထားတော့ ပိုကောင်းတာပေါ့"

ထိုအချိန်မှာ ကျင်းယွမ်က ငြိမ်ကျသွားသည်။ ရိဟန်ကို ဖက်ဖို့အတွက် ဝိုင်းပတ်ထားသည့် သူ့လက်မောင်းများအား ထိုင်ခုံကနေ ပြန်ဖယ်လိုက်လေသည်။ သူ့လက်များက လူငယ်လေးရဲ့ ကျောပြင်အား ညင်ညင်သာသာ ပုတ်ပေးလိုက်သည်။

"ကိုယ်သိတယ်" သူက နှစ်သိမ့်ပေးသည်။

"ပြန်ပေးဆွဲခံရမှုက မင်းကိုအရမ်း ကြောက်လန့်သွားစေတာပဲ, မင်းအဲ့ဒါကို ကြောက်နေတုန်းပဲ, ကိုယ်ရောပါပဲ, ကိုယ်အခုတစ်လော ဆက်တိုက် စဉ်းစားနေခဲ့မိပြီး လူတိုင်း အရာတိုင်းက ရန်သူတွေဖြစ်နေခဲ့ရတာ, မင်းမှန်တယ်, ဂရုစိုက်တာ အကောင်းဆုံးပဲ, မင်းလည်း ကိုယ့်ကို ကတိပေးရမယ်, အခုချိန်ကစပြီး ကြောက်လန့်တာပဲဖြစ်ဖြစ် စိတ်မကောင်းဖြစ်တာပဲဖြစ်ဖြစ် ကိုယ့်ကိုပြောပြပေး, အရာအားလုံး အဆင်ပြေသလိုမျိုး ဘာမှမဖြစ်သလိုမျိုး ကိုယ့်ကိုကိုယ် အတင်းအကျပ် လုပ်ပြနေစရာ မလိုအပ်ဘူးလေ, အဲ့ဒါက ကိုယ့်နှလုံးသားကို နာကျင်စေလိမ့်မယ်, ကိုယ့်ကိုကိုယ် လုံးဝအသုံးမဝင်သလို ခံစားရတယ်"

ရိဟန်ရဲ့ စိတ်ထဲမှာ နွေးထွေးမှုများ ဖူးပွင့်သွားရသည်။ သူက ကျင်းယွမ်အား ပြန်ပွေ့ဖက်လိုက်၏။

"ငါနားလည်ပါတယ်" သူက ကျင်းယွမ်ရဲ့ ရင်ဘက်ထဲသို့ တိုးတိုးလေးပြောသည်။

"မင်းကဘယ်လိုလုပ် အသုံးမဝင်မှာလဲ? မင်းကအကောင်းဆုံးပဲ, အဲ့ဒီနေ့က မင်းငါ့ရှေ့မှာ ရပ်လိုက်တဲ့အချိန်တုန်းကလေ အရမ်းကိုချောမောခန့်ညားနေခဲ့တာ, ငါအဲ့ဒါကို ဘယ်တော့မှ မေ့နိုင်တော့မယ် မထင်ဘူး"

(Completed) Reborn as a good childWhere stories live. Discover now