Chapter 19(U+Z)

801 108 2
                                    

Unicode

"Lisa...lisa...နိုးပြီလား..မနက်စာလာပို့တာဝင်ခဲ့လို့ရမလား.."

Jennie၏အမေးကိုသူမပြန်မ​ဖြေမိပါ။သူအခုသိသည်ကရင်ထဲမှတင်းကျပ်နေသည်။တစ်စုံတစ်ခုကိုဆုံးရှုံးသွားရတော့မလိုမျိုး။သဘောကျရပါသောစွန်ငယ်လေးတစ်ခုကြိုးပြတ်ကာအဝေးသို့လွင့်သွားစဥ်ဝမ်းနည်းစွာငေးကျန်ခဲ့ရပါသောခံစားချက်မျိုး။

ဒီနှစ်ပတ်အတွင်းJennie၏သူမအပေါ်အတော်လေးဂရုစိုက်ပေးမှုကြောင့်သူမအတော်လေးနေသားကျလာခဲ့သည်။တစ်ကိုယ်တည်းရှိနေစဥ်၊တိုက်ဆိုင်မှုလေးတွေရှိလျှင်သာSooyaaaကိုသတိရမိသော်လည်း..အရင်လိုဝမ်းနည်းစွာအချိန်တိုင်းလွမ်းဆွတ်မနေတော့ပါ..အထူးသဖြင့်Jennieနဲ့အတူရှိနေချိန်တွေဆို...

Sooyaaသည်သူမရင်ထဲမှတစ်စတစ်စပျောက်ကွယ်လာခဲ့ပါသည်..အချစ်ဦးဆိုသောဆူးလေးကတော့ခပ်သေးသေးလေးအမြစ်တွယ်နေသေးတာပေါ့..ဒါပေမဲ့သူမSooyaaကိုမေ့ဖျောက်နိုင်လိုက်ပါပြီ..

ဒါဆိုသူမJennieကိုချစ်နေမိပြီလား..မဖြစ်နိုင်တာဒီနှစ်ပတ်လေးအတွင်းသူမဟာလူတစ်ယောက်ကိုမေ့ပျောက်ပြီးနောက်တစ်ယောက်ကိုချစ်သွားနိုင်ဖို့ဆိုတာ..

Jennieကသူမရဲ့သူငယ်ချင်းပါပဲ...ဟုတ်သည်...အချစ်ဆုံးသူငယ်ချင်းမို့တွန့်တိုနေတာနေမည်...သို့ပေမဲ့လဲJennieသာမင်းကြီးကိုလက်ခံလိုက်ရင်သူမတစ်ဘဝလုံးအေးဆေးစွာနေနိုင်ရဦးမည်...

အင်း..မင်းကြီးကိုသေချာစဥ်းစားဖို့Jennieကိုနားချဦးမှပါ...သူငယ်ချင်းကိုဆုံးရှုံးမှာဆိုးလို့ဆိုတာကတစ်ခဏပဲနေမှာပါ...

ကျီ....

သူမအိပ်ဆောင်၏ရင်ခွဲတံခါးတွန်းဖွင့်သံကိုသူမကြားလိုက်ရသည်။သူမကိုခေါ်မရလို့Jennieဝင်လာပြီထင်တယ်..

"အိုးးးLisa..အသင်နိုးနေချေပြီပဲ...ကျွန်ုပ်ကအသင်မနိုးသေးဘူးအောက်မေ့လို့ဝင်လာခဲ့တာ.."

"နိုးတာကြာပေါ​့..Jennie..အသင်နဲ့မင်းကြီးတူတူရှိနေကျတဲ့အချိန်ထဲကပဲ.."

"အလို..အသင်မြင်သွားလေသလား...ဟို..ဟို.."

"ဟက်...ဟက်..ဘာမှရှက်နေစရာမလိုပါဘူးJennie..တကယ်တော့မင်းကြီးကအသင့်အတွက်တကယ်သင့်တော်တဲ့သူပါ..တကယ်ဆိုသင်ကမင်းကြီးရဲ့မေတ္တာကိုလက်ခံသက့်တယ်..အသင်ဘာကြောင့်တွေဝေနေရတာလဲ.."

ချယ်ရီတွေကြွေပြီ....အရှင်(ချယ်ရီတွေကြွေပြီ....အရှင်)completeWhere stories live. Discover now