Part 10🐍💚

2K 208 10
                                    

ဟယ်ရီ​​လျောက်လာရင်းတ​စ်နေရာ​ရောက်​တော့သူ့​ကို​ကျော​ပေးထားတဲ့လူတ​စ်ယောက်​ကြောင့်​ခြေလှမ်း​တွေရပ်သွားတယ်.....

ထိုလူသည်ဟယ်ရီ့ဖက်လှည့်လာရင်းး

"မစ္စတာ ​ပေါ်တာ"

"ဟင်" 

ဟယ်ရီအံ့သြသွားတယ်သူထင်ထားတာ ပ​ရော်ဖက်ဆာစနိတ်လို့ထင်​နေတာ​​လေ

ခုဘယ်လိုလုပ်ပါ​မောက္ခကွိုင်ရယ်ဖြစ်​နေတာလဲ?

ပါ​မောက္ခကွိုင်ရယ်က ဟယ်ရီ့အ​တွေး​တွေကိုကြိုသိ​နေတဲ့အတိုင်း​ပြောတယ်

"အံ့သြ​နေလား မစ္စတာ​ပေါ်တာ ​စနိတ် မဟုတ်လို့​လေ"

"ဘယ်လိုလုပ် ခင်ဗျားဖြစ်​နေရတာလဲ?"

"မင်း​နေရာမှာငါဆိုရင်လည်း စနိတ်လို့ပဲထင်မှာ သနားစရာ​ကောင်းပီးထစ်ထစ်​ငေါ့​ငေါ့ဖြစ်​နေတဲ့ ကွိုင်ရယ်လို့ဘယ်သူကထင်မှာလဲ ဟားးဟားး"

ပါ​မောက္ခကွိုင်ရယ်က အားရပါးရ​လှောင်​ပြောင်ရယ်​မောရင်း​ပြောတယ်....

ပီး​တော့မှ ပါ​မောက္ခကွိုင်ရယ်ကစကားဆက်တယ်

"တကယ်​တော့စနိတ်ကမင်းကိုကယ်ခဲ့တာ မင်းရဲ့တံမြက်စည်းကိုငါကျိန်စာတိုက်​နေတုံးစနိတ်က တန်ပြန်ဂါထာရွတ်​နေခဲ့တယ်​လေ စနိတ်ရဲ့ မီးစွဲ​နေတဲ့ဝတ်ရုံ ကမီးသာငါ့အမြင်ကိုမကွယ်ခဲ့ဖူးဆိုရင် ငါလုပ်တာ​အောင်မြင်​လောက်ပီ"

"....."

"စနိတ်ကမင်းကို တနှစ်ပတ်လုံး​စောင့်ကြည့်​နေခဲ့လို့ မင်းကိုသတ်ဖို့ငါ့မှာအခွင့်​ရေးနည်းခဲ့တယ်"

"ဒါဆို ဧရာမ မ​ကောင်းဆိုးဝါးသတ္တဝါကြီးကိုခန်းမ​ဆောင်ထဲလွှတ်လိုက်တာခင်ဗျား​ပေါ့"

"သိပ်မှန်တာ​ပေါ့ ​မစ္စတာဟယ်ရီ​ပေါ်တာ အားလုံးအဲ့မ​ကောင်းဆိုးဝါးဆီအာရုံ​ရောက်​နေတုံး ငါလျို့ဝှက်တံခါးကိုဖြတ်ဝင်ကြိုးစား​ပေမဲ့ စနိတ်ကကြိုသိပီးငါ့ကိုတားခဲ့တယ်"

"......."

"ပီး​တော့ draco malfoy အဲ့​ကောင်​လေးတကယ်ရယ်ရတယ် တားမြစ်တောထဲမှာ ငါ့သခင်အတွက် မြင်း​သွေး​သောက်​နေတုံးမင်းတို့၂​ယောက်​ရောက်လာတယ်​လေ မင်းသတိ​​မေ့သွား​တော့ငါသတ်ဖို့ကြိုးစား​ပေမဲ့ အဲ့​ကောင်စုတ်​လေးကသူကိုယ်သူအ​သေခံပီးမင်းကိုကာကွယ်​​ထားတယ်​လေ ဟားးဟားး"

My Slytherin Prince S1Όπου ζουν οι ιστορίες. Ανακάλυψε τώρα