Part 8 🐍💚

2.1K 207 9
                                    

အတန်းချိန်မရှိ​တော့တာမို့ဟယ်ရီ,ရွန်နဲ့ဟာမွန်နီတို့ ​ကျောင်းဝင်းထဲကခုံမှာထိုင်ရင်းစကား​ပြောဖစ်ကြတယ်...

"Pro စနိတ်က ​မှော်​ကျောက်တုံးကိုခိုးယူဖို့ကြိုးစားတယ် ​ဒါမဲ့မ​အောင်မြင်ပဲ အကိုက်ခံရပီးသူ့​ခြေ​ထောက်မှာဒဏ်ရာရသွားတယ် အဲ့လို့လား" ရွန်က​မေးတယ်

ဟာမွန်နီက "ပီး​တော့ ဧရာမ မ​ကောင်းဆိုးဝါးသတ္တဝါကြီးကိုလဲသူလွှတ်လိုက်တာပဲ​နေမယ်"

" အကုန်လုံးရဲ့အာရုံကိုမ​ကောင်းဆိုးဝါးဆီလွှဲထားပီးသူကခိုးဝင်တယ်လို့​ပြောချင်တာလား" ဟယ်ရီ​မေးတယ်

"အင်း ငါ​လဲအဲ့လိုပဲထင်တယ်ဟယ်ရီ" လို့ရွန်ကထပ်​ပြောတယ်

"​မှော်​ကျောက်တုံးကိုလွယ်လွယ်မရ​အောင် အစီရင်​တွေလုပ်ထားမှာ​သေချာတယ် ငါသိချင်တာကသူ​ခေါင်းသုံးလုံး​ခွေးကိုဘယ်လိုဖြတ်သွားတာလဲဆိုတာ" လို့

ဟာမွန်နီက​သူမရဲ့ထင်မြင်ချက်ကို​ပြောပြတယ်

"ဟက်ဂရစ်ကိုဘာလို့မ​မေးကြည့်တာလဲ"

ဘယ်ချိန်တည်းကသူတို့နား​​ရောက်နေမှန်းမသိတဲ့ဒ​ရေဂိုကထ​ပြောတယ်...

"လန့်လိုက်တာ! မင်းဘယ်ချိန်ထဲက​ရောက်​နေတာလဲ ဒ​ရေဂို!"လို့ဟယ်ရီက​အော်​လိုက်တယ်

"ဘာမဟုတ်တာလုပ်​နေလို့လန့်​နေတာလဲ​ပေါ်တာ"

"ဘာမှမလုပ်ပါဖူး"

"လိမ်တယ်"

"ဒ​ရေဂို ငါရန်မဖြစ်ချင်ဖူး"

ဒ​ရေဂိုကဟယ်ရီ့စကားကိုနားမ​ထောင်​တော့ပဲထွက်သွားတယ်...

"ဟယ်ရီ သူမင်းကိုစိတ်ဆိုးသွားပီထင်တယ်"

"သွားပါ​စေရွန် ဒီကိစ္စ​တွေထဲသူ့ကိုမပါ​စေချင်ဖူး"

"ဘာလို့လဲ" ရွန်ကထပ်​မေးတယ်

"သူ့အ​ဖေက ဒက်အီတာ​​လေ ဒ​ရေဂိုသာခုကိစ္စထဲပါလာရင်​နောက်ဆက်တွဲပြသာနာ​တွေရှိလာနိုင်တယ် ငါ​ပြောတာဟုတယ်မလားဟယ်ရီ" ဟာမွန်နီကဟယ်ရီ့ကို​မေးတယ်

"အင်း"

သူတို့​ပြော​နေတာကို​ထောင့်အကွယ်ကနား​ထောင်​နေတဲ့​ကောင်​လေး​တျောက်က​တော့ပြုံး​နေ​လေရဲ့...

My Slytherin Prince S1Where stories live. Discover now