Part 4🐍💚

2.7K 255 28
                                    

ဒီ​နေ့အတန်းချိန်ပီး​တော့အကိုဝုဒ်နဲ့ ကွစ်ဒစ်ပြိုင်ပွဲအတွက်​လေ့ကျင့်ဖို့ထွက်လာခဲ့ကြတယ်...

အကိုဝုဒ်ကဟယ်ရီ​ရှေ့ကို​​သေ တ္တာတခုချလိုက်သည်

​သေ တ္တာဖွင့်လိုက်​တော့အထဲမှာ​​ဘောလုံး၃လုံးရှိတယ်​၂လုံးကို​တော့ကြိုးနဲ့ထိန်းချုပ်ထားတယ်....

"ကွစ်ဒစ်ကစားနည်းကလွယ်ပါတယ်ဟယ်ရီ
အသင်းတဖက်စီးမှာ ကစားသမား၇​ယောက်, ​ဘောလုံးဖမ်းတာ
၃​ယောက်,ရိုက်တဲ့သူ၂​ယောက်,ဂိုး​စောင့် ၁​ယောက် ,​ရွှေ​ဘောလုံးဖမ်းတဲ့သူတ​ယောက် ​​

ရွှေ​ဘောလုံးဖမ်းသူက​တော့မင်း​ပေါ့ အကိုကဂိုး​စောင့်​လေ"

အကိုဝုဒ်ကရှင်းပြရင်းခုနက​သေတ္တာထဲက​ရွှေ​ရောင်​ဘောလုံး​လေးကိုထုတ်လိုက်တယ်....

"ဒါက ဟယ်ရီဖမ်းရမဲ့​ရွှေ​ရောင်​ဘောလုံးအမှတ်၁၅၀တန်တယ် သူ့ကိုဖမ်းမိတာနဲ့နိုင်ပီ ဒါမဲ့ဒီ​ဘောလုံးကအရမ်းမြန်လို့​တော်ရုံမမြင်ရဖူး"

အကိုဝုဒ်ကရှင်းပြပီး​တော့​ရွှေ​ရောင်​ဘောလုံး​လေးကိုဟယ်ရီ့လက်ထဲထည့်လိုက်တယ်....

​ရွှေ​ဘောလုံး​လေးကဟယ်ရီလက်တစ်ဖဝါးစာ​တောင်မရှိဖူး​သေး​သေး​လေးနဲ့​ဘေးမှာအ​တောင်​လေး ၂ခုပါတယ်

ဟယ်ရီကြည့်​နေရင်းလက်ထဲက​ရွှေ​ဘောလုံးကပျံသွားတယ်....

"ကျွန်​တော်ဒီ​ဘောလုံး​လေးကိုသ​ဘောကျတယ်"

"ခု​တော့သ​​ဘောကျ​နေမှာပါ😂 ပီး​တော့ဒီ​ဘောလုံးကကွာဖယ်လို့​ခေါ်တယ်"

အကိုဝုဒ်ကကစားနည်းအ​ကြောင်း​သေချာဆက်ရှင်းပြတယ်....

"​ဘောလုံးဖမ်းသမားကကွာဖယ်ကိုဂိုးတိုင်ထဲ​ရောက်​အောင်ပစ်ပီးအမှတ်ယူရတယ်

ဂိုး​စောင့်က​တော့သူ့ဂိုးတိုင်ထဲတဖက်အသင်းမပစ်နိုင်ဖို့တားရတာ​ပေါ့"

"ဒီ​ဘောလုံးက​ယော?"

ဟယ်ရီက​နောက်ဆုံး​ဘောလုံးဖစ်တဲ့ထိန်းချုပ်ထားတာ​တောင်ရုန်း​နေတဲ့ဘောလုံးကိုကြည့်ရင်း​မေးတယ်....

My Slytherin Prince S1Where stories live. Discover now