အကိုတော်ရဲ့စကားကြောင့်သူမပြုံးမိလိုက်သည်။မှန်ပါသည်...သူမကြောင့်ဂျိုဆွန်းပြည်မိုးခေါင်သည်...ဆိုသောသတင်းကအတိုင်းတိုင်းအပြည်ပြည်ကိုပျံနှံနေခဲ့တာလေ...အဲ့ဒါကြောင့်ပဲ..သူမရဲ့ပညာနဲ့အလှဂုဏ်ကဘယ်လောက်ကျော်ဇောနေပါစေ...သူတို့တိုင်းပြည်မိုးခေါင်ခြင်းဘေးတွေ့မှာစိုး၍ဘယ်မင်းသား..ဘယ်ဘုရင်ကမှသူမကိုလတ်ဆက်ခွင့်မတောင်းလာခဲ့ပေ..
ဒီအရှေ့အလယ်ပိုင်းဒေသမှာမိုးများကြီးနေလို့ဒီမင်းသားကသူမကိုလက်ထပ်ချင်တာလားဟူ၍ပင်ပြောင်ချော်ချော်အတွေးလေးတွေးလိုက်မိသည်..

"စဥ်းစားမနေတော့ဘူးအကိုတော်...ညီမတော်အချစ်မပါတဲ့အိမ်​ထောင်ရေးကိုအာဏာတစ်ခုတည်းအတွက်နဲ့မတည်ထောင်ချင်ဘူး...အကိုတော်လည်းနားလည်မှပါ.."

အကိုတော်ကသူမစကားကိုနားလည်ဟန်ခေါင်းငြိမ့်ပြလာသည်...

"ဒါဆိုနှမတော်ကချစ်နေတဲ့သူရောတွေ့နေပြီလား.."

အကိုတော်ရဲ့အမေးကြောင့်သူမရဲ့ယုန်ဖြူလေးဘက်သို့လှည့်ုကြည့်လိုက်မိသည်။သူမရဲ့မျက်ဝန်းတွေနဲ့ဆုံတော့ယုန်ဖြူလေးကရှက်ရွံဟန်ခေါင်းလေးငုံ့ကျသွားသည်..

"တွေ့နေပြီအကိုတော်.."

"ဟက်...နှမတော်သဘောကျနေတဲ့သူဆိုတော့ဘယ်လိုလူမျိုးလဲသိခွင့်ရမလား.."

"သိပ်လှတယ်....ယုန်လေးတစ်ကောင်လိုဖြူစင်တယ်..တစ်ခြားသူကိုပြုစားနိုင်လောက်တဲ့နွေးထွေးတဲ့နှလုံးသားလေးကသူ့အလှရဲ့သကေင်္တပဲ.."

"အလို...ဘယ်လိုအမျိုးသားကများဒီလောက်တောင်တင်စားရတဲ့ထိလှနေပါလိမ့်.."

"အမျိုးသားမဟုတ်ဘူးအကိုတော်.."

သူမထိုစကားကိုမည်သူမျှမကြားအောင်အသံကိုနှိမ့်၍ပြောလိုက်သည်။အကိုတော်ကသူမငိုကြည့်ရင်းတစ်ခုခုကိုတွေးမိသွားဟန်..အကိုတော့်မျက်လုံးများအရောင်ပြောင်းသွားသည်ကိုသူမသတိထားမိလိုက်သည်...

"နှမတော်..ပျော်တယ်..အကို...ပျော်နေရတာမို့နားလည်လက်ခံပေးပါ..."

အကိုတော်သည်သူမရဲ့စကားကိုလေးလေးနက်နက်တွေးနေဟန်တူသည်။ပြီးနောက်သက်ပြင်းခပ်ဖွဖွတစ်ချက်ချလိုက်မိသည်...

ချယ်ရီတွေကြွေပြီ....အရှင်(ချယ်ရီတွေကြွေပြီ....အရှင်)completeDonde viven las historias. Descúbrelo ahora