*67* အထင်ကြီးစရာပဲ

Start from the beginning
                                    

ဆရာသခင်ကျိရှင်းက ပြောလိုက်သည်။
"မဟုတ်တာ..နောက်ထပ်တစ်နှစ်လောက်ဘဲ..တစ်နှစ်ထက်တောင်စောနိုင်သေးတယ်..ကလေးက ဝိညာဥ်စွမ်းအားတွေပိုပြီးစုပ်ယူလေလေ..မွေးဖွားချိန်က ပိုပြီးစောလေလေဘဲ...မင်းသူ့ကို အမြန်ဆုံးမွေးဖွားလာစေချင်တယ်ဆိုရင်တော့ သူ့ဆီကို ဝိညာဥ်စွမ်းအားများများသာလွှဲပြောင်းပေးလိုက်"

ရုန်ယိ "....."

တစ်နှစ်..ဒါမှမဟုတ် အဲ့ထက်တောင်စောနိုင်တယ်...

ဘာလုပ်ရမလဲ....သူကလေးတစ်ယောက်ကို မွေးဖွားပေးဖို့ အဆင်သင့်ဖြစ်မနေသေးဘူးလေ..

ဆရာသခင်ယွမ်ရိက သု့ကို စိတ်ဝိညာဥ်သစ်သီးတွေထုတ်ပေးလာသည်။
"ပိုပြီး များများလေးစား"

ရုန်ယိ သူ့ကို မျက်ဆံသာလှန်ပြလိုက်တော့သည်။

ထိုအချိန်မှာ အပြင်ဘက်မှာစောင့်နေတဲ့ တပည့်တစ်ယောက်က သတင်းပို့လာသည်။
"ဆရာအဘိုး..ထျန်းရွှီတောင်က တပည့်တစ်ယောက်က ဆရာဦးလေးရုန်နဲ့ သခင်ငယ်လေးတို့ကို သုတို့နေရာမှာ ညစာစားဖို့လာဖိတ်ပါတယ်"

ဆရာသခင်ယွမ်ရိ မျက်ခုံးတွေပင့်လိုက်မိသည်။
"သတင်းတွေကပျံ့တာအရမ်းမြန်တာဘဲ..သူတို့က ရုန်ယိဒီနေရာမှာရှိတာတောင်သိသွားကြပြီ"

ရုန်ယိ စိတ်ရှုပ်သွား၏။ ဘယ်သူက သူ့ကို ဧည့်သည်တစ်ယောက်အဖြစ်နဲ့ ထျန်းရွှီတောင်ထိပ်ကို ဖိတ်ရတာလဲ..။

ဆရာသခင်ယွမ်ရိက ရုန်ယိကိုပြောလိုက်သည်။
"မင်းအဘိုးက ဖိတ်နေတာဆိုမှတော့ ငြင်းလို့မသင့်ဘူး...ချယ်ရီသီးလေးကိုခေါ်ပြီး သူ့ဆီသွားလည်လိုက်ပေါ့..ချယ်ရီသီးလေးက ငါ့တပည့်ဆိုတာ သူသိတယ် ဒါကြောင့် သူ မင်းတို့အပေါ်ကိုဘာမှလုပ်မှာမဟုတ်ပါဘူး"

ရုန်ယိ "....."

အရိုးသားဆုံးပြောရရင် မူလကိုယ်ရဲ့ ဆွေမျိုးတွေနဲ့လုံးဝမတွေ့ချင်ပေ။ သူ သူတို့ကိုလည်း မသိသလို ဘာပြောရမှန်းလဲမသိပေ။ ဒါပေမဲ့ ဒါကမူလပိုင်ရှင်ရဲ့ အဘိုးဆိုတော့ သူ မလာဘူးလို့ပြောဖို့ကလည်း မသင့်တော်ပေ။

ဆရာသခင်ယွမ်ရိက ပုချီကိုပြောလိုက်သည်။
"ပုချီ..မင်းသူတို့နဲ့အတူလိုက်သွားလိုက်လေ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now