Chapter 3

664 91 5
                                    

(zawgyi)

ကျောင်းပိတ်ရက်ဆိုတာ ကျွန်တော့်အတွက် ငရဲပဲမလို့ အိမ်ကနေ နေထွက်တာနဲ့ ခိုးထွက်နေကြပင်။

ဒါပေမယ့်လည်း ဒီနေ့တော့ နောက်ကျသွားခဲ့ပြီ။

"Lee Donghyuck! အခုချက်ချင်း အိမ်အောက်ဆင်းခဲ့စမ်း!"

မနေ့က မိုးမိပြီး ဖျားချင်သလို ဖြစ်နေလို့ တစ်ရက်လေး နောက်ကျတဲ့အထိ အိပ်မိပါတယ်၊ မျက်လုံးနှစ်လုံးတောင် မဖွင့်ရသေး၊ အိမ်အောက်ကနေ အော်နေတဲ့ အဖေ့ရဲ့ ဆည်းလည်းသံက ဆီးကြိုလျက်။

သေချင်တာပဲ။

ဒေါသထွက်နေမှန်း သိသာတာမို့လို့ အမြန်သာ ပြေးဆင်းသွားလိုက်၏။

"အသုံးကို တစ်စက်မှ မကျဘူး! အဲ့မှာ ကိုယ့်ဘာသာကိုယ် ကြည့်စမ်း!"

ကျွန်တော့်ကို တွေ့လျှင်တွေ့ချင်း မျက်နှာတည့်တည့်ကို အားနဲ့ ပစ်ပေါက်လိုက်တဲ့ စက္ကူစကြောင့် အနောက်တောင် ယိုင်သွားမိသည်။

ဟိုတစ်နေ့က ဘောလုံးမှန်ထားလို့ နှာခေါင်းက အခုထိ နာနေရတဲ့ကြားထဲ။ ဒီမျက်နှာတည့်တည့်ကိုပဲ . .

ဘာများလဲဆိုပြီး စာရွက်ကို သေချာ ဖြန့်ကြည့်လိုက်တော့ ဘောလုံးမှန်တဲ့နေ့က ဖြေခဲ့တဲ့ အင်္ဂလိပ် စာမေးပွဲရဲ့ အဖြေလွှာ။

B တဲ့။ ကျပြီထင်နေတာ၊ တော်သေးတာပေါ့။

ဒါနဲ့ အဖြေလွှာ စာရွက်က ကျောင်းသားတွေတောင် မရသေးတာ အဖေ့လက်ထဲ ဘယ်လို ရောက်နေရတာလဲ?

ထူးဆန်းလိုက်တာဆိုပြီး တွေးနေတုန်း မျက်လုံးက ဆိုဖာမှာ အေးအေးဆေးဆေး ကော်ဖီသောက်ပြီး အဆူခံနေရတာကို ပြုံးစိစိ ကြည့်နေတဲ့ မိထွေးနဲ့ Dohyun ဆီရောက်သွားတော့ အဖြေကို သိလိုက်ပါပြီ။

"B တဲ့! ကြားလို့တောင် မကောင်းဘူး! Dohyun ဆို စာမေးပွဲတိုင်း ဘာသာစုံ A ရတယ်! Lee Donghyuck မင်း စာကို သေချာ မလုပ်ဘူးလား?"

ကွာရှင်းပြီးကတည်းက ကျွန်တော်နဲ့ ပတ်သတ်ရင် ဘာဆိုဘာမှ ဂရုမစိုက်ခဲ့တဲ့ အဖေက အခုမှ သုံးလအတွင်းမှာ ပထမဆုံး ကျွန်တော့်ကို စကားပြော၊ အရေးလုပ်လို့ မိထွေးသားအမိကိုတောင် ကျေးဇူးတင်ရမယ့်ပုံ။

something like love - light ver {markhyuck}Where stories live. Discover now