Unicode
အစီအရင်တွေကိုနေရာချပြီးတာနဲ့ ရှီရှန်းလည်း သူ့အနားကိုပြန်သွားလိုက်ပြီး ညလင်းကျောက်ကို ဘေးနားကကျောက်တုံးပေါ် တင်လိုက်တယ်။ သူ့ကို ကျောက်တုံးကိုမှီပြီးထိုင်လို့ရအောင် ကူညီပေးလိုက်တယ်။
“ရှင့်နာမည် ဘယ်လိုခေါ်လဲ..?”
“ချင်းဟန်”
သူက သူ့ရဲ့လက်ကို သူမ,ဆီကနေ ပြန်လည်ရုတ်သိမ်းလိုက်ပြီး..
“ယောက်ျားလေးနဲ့မိန်းကလေးက တစ်ဦးနဲ့တစ်ဦး မထိတွေ့သင့်ဘူး..”“ငါတို့ အခုလေးတင်နမ်းခဲ့တာလေ..”
ရှီရှန်းက နှာမှုတ်လိုက်ပြီး..
“ဘာလဲ..? ရှင်ကျွန်မကို တာဝန်မယူချင်တာလား..?”ချင်းဟန်က ပြန်မဖြေလာခဲ့တော့ဘူ။ သူ့ပါးစပ်ကိုတင်းတင်းစေ့လိုက်ပြီး သက်ပြင်းရှိုက်လိုက်တယ်။ အရမ်းထူးဆန်းတဲ့ ခံစားချက်ပဲ။ ဒါပေမဲ့ အဲ့တာကို သူ,မမုန်းဘူး..
“အဲ့တာက မတော်တဆဖြစ်သွားတာ..”
“ဒါပေမဲ့ ဖြစ်ပြီးတာကို ပြန်ပြင်လို့မရတော့ဘူးလေ..”
ရှီရှန်းက ခါးကိုင်းလိုက်ပြီး သူ့ရဲ့မျက်လုံးတွေနဲ့ အကြည့်ချင်းစုံစေလိုက်တယ်။ ချင်းဟန်ကလည်း သူမရဲ့အကြည့်ကို ရှောင်ရှားလိုက်ပြီး..
မင်းက ငါ့တပည့်ကြိုက်နေတဲ့မိန်းကလေးလေ.. အဲ့တာပြဿနာရှိတယ်..”
“ရှင်ကျွန်မကို လာနောက်နေတာလား..?”
ချင်းဟန်က တည်ကြည်လေးနက်သည့်အမူအယာဖြင့်..
“မနောက်ဘူး..”‘ဒီမိန်းကလေးက ဝူချန်ကြိုက်နေတဲ့မိန်းကလေး.. ဆရာတစ်ယောက်အနေနဲ့ သူ့တပည့်ဆီကနေ ဘယ်လိုလုပ်လုယူရမလဲ..? ပြီးတော့ ခုနကဖြစ်ပျက်ခဲ့သမျှက မတော်တဆပဲလေ..’
ရှီရှန်းက ချင်းဟန်ကို အတော်ကြာအောင်စိုက်ကြည့်လိုက်တယ်.
‘ငါဒီနေရာမှာသာ လုပ်လိုက်ရင်…’
(TN : You know what I mean?)ပတ်ဝန်းကျင်ကို မျက်ဝန်းထောင့်ကနေ တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက်…
‘မေ့လိုက်တော့.. ဒီနေရာမှာသာလုပ်လိုက်ရင် စိတ်ဒဏ်ရာရသွားလောက်မယ်..’