*65* အရမ်းကြည်နူးစရာကောင်းတာဘဲ

Start from the beginning
                                    

"ဒါပေါ့"
ဆရာသခင်ယွမ်ရိက ရုန်ယိမပြောခင် ဖြတ်ပြီးဝင်ဖြေလိုက်သည်။

ရုန်ယိ ဆရာသခင်ယွမ်ရိကို ပြင်းပြင်းထန်ထန်တစ်ချက်စိုက်ကြည့်လိုက်သည်။
ဒီအဘိုးကြီးက တစ်ခြားသူတွေအစားဆုံးဖြတ်ချက်ချပေးရတာ အရမ်းကြိုက်တဲ့ပုံဘဲ...

ယင်ထောင်က ခေါင်းငြိမ့်လိုက်သည်။
"ဒါဆို သား သူနဲ့အရင်ပြိုင်လိုက်မယ်"

ဆရာသခင်ယွမ်ရိက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ကောင်းတယ်"

ခဏလောက်တွေးပြီးနောက်ရုန်ယိ ပြောလိုက်၏။
"ကျွန်တော် ချယ်ရီသီးလေးနဲ့ နှစ်ယောက်တည်း စကားခဏပြောချင်တယ်"

ဆရာသခင်ယွမ်ရိက ချက်ချင်းကို ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်ပြီ...မြန်မြန်လေးတော့လုပ်"

ရုန်ယိ ကလေးကို ခြံဝန်းထဲက ပန်းခင်းအနားကိုချီသွားလိုက်သည်။ သူထိုင်ချလိုက်ပြီး ပွင့်အာနေတဲ့ အဝါရောင်ဂန္ဓမာပန်းတစ်ပွင့်ကိုပြကာ ယင်ထောင်ကိုမေးလိုက်သည်။
"ဒါလေး လှလား"

ဆရာသခင်ယွမ်ရိက သူ့ဝိညာဥ်စွမ်းအားကိုသုံးပြီး သူတို့ပြောစကားတွေကိုကြားရအောင် နားစွင့်နေလိုက်သည်။

"လှတယ်"
ယင်ခေါင်က ဂန္ဓမာပန်းပွင့်ကိုကြည့်ပြီး ခေါင်းငြိမ့်လိုက်သည်။

ရုန်ယိ သူ့ကိုအနားလာဖို့ပြောပြီး ဂန္ဓမာပန်းရဲ့ ပုံပန်းသွင်ပြင်တွေအကုန်လုံးကိုမြင်တွေ့နိုင်အောင် သူ့လက်ထဲမှာလှည့်ပြနေလိုက်သည်။
"သူ့မှာ ပွင့်ချပ်တွေအများကြီးမရှိတာ သားတွေ့တယ်မလား...ပွင့်ချပ်တစ်ချပ်စီကလည်း ချွန်ပြီး အရမ်းပါးလွှာတယ် အလယ်မှာ ပန်းဝတ်စံအလုံးလေးရှိပြီး ပွင့်ချပ်တွေက တစ်ခုနဲ့တစ်ခုထပ်ပြီး ဒါလေးကိုဝန်းရံထားကြတာ...."

သူပြောတာတွေကြားတဲ့အခါ ဆရာသခင်ယွမ်ရိ မျက်မှောင်ကြုတ်သွားသည်။ ရုန်ယိက ယင်ထောင်ကို မှော်လက်နက်တစ်ခုဘယ်လိုသန့်စင်ရမလဲဆိုတာ သင်ပေးလိမ့်မယ်လို့ သူထင်ထားတာ..ဒါပေမဲ့ အခုတော့ အရေးမပါတဲ့စကားတွေပြောတာဖြစ်နေသည်။ ဒါကြောင့်သူ့ရဲ့ အာရုံခံကြည့်နေတဲ့ ဝိညာဥ်စွမ်းအားတွေကိုပြန်ရုတ်သိမ်းလိုက်တော့သည်။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now