🌷13🌷+++

3.9K 268 45
                                    

Unicode

10 months later,

သုံးလအကြာမှာသူထွက်သွားခဲ့သည်။ သူ့အဖေရဲ့ဈာပနအပြီးမှာပဲသူထွက်သွားခဲ့တာအခုဆိုဆယ်လရှိပြီသူနဲ့မတွေ့ရတာ ဘိုဂွမ်ကလည်းသူ့အမေတွေရှိရာ Japan ကိုအပြီးတိုင်ထွက်သွားခဲ့ပြီ။ အခုသူ့ဘေးမှာဘယ်သုမှမရှိတော့ဘူး။ ဂျောင် ကိုလိုက်ရှာခဲ့ပေမယ့်လည်းမတွေ့ခဲ့ပေ။ အမြဲတမ်းဂျောင်အလုပ်လုပ်ခဲ့တဲ့ bar လေးအမြဲလိုလိုလာတတ်သည်။ လာတိုင်းလဲမတွေ့ပေ။ ဒီနေ့လည်းထုံးစံအတိုင်း လာနေကြနေရာလေးကိုရောက်လာခဲ့သည်။ ဝင်ဝင်ချင်းမှာပဲသီချင်းဆိုနေတဲ့ကောင်လေးရဲ့အသံကရင်းနှီးနေသလိုရှိတာကြောင့် အမြန်ပြေးဝင်လာခဲ့လိုက်တော့တစ်ကယ်ပဲသူဖြစ်နေခဲ့သည်။

*ဂျောင်~~*

ဂျောင် သီချင်းပြီးသည်အထိသူဂျောင်ကိုကြည့်နေမိသည်။ သီချင်းပြီးတော့မှလူတွေရဲ့လက်ခုပ်သံကြောင့်သူအသိစိတ်ပြန်ဝင်လာရသည်။ ဂျောင်ကိုလိုက်ရှာကြည့်ပေမယ့်အပြေးကောင်းလွန်းတဲ့ဂျောင်ကသူ့မျက်စိရှေ့မှာတင်ပျောက်သွားသည်။ ဒီအနီးတစ်ဝိုက်အနားမှာပဲရှိရမယ်ဆိုပြီးတွေးကာအပြင်ပြေးထွက်ပြီးရှာကြည့်တော့ ဂျောင်ကTaxiတားနေသည်။ ဂျောင်အနားကိုအပြေးသွားလိုက်ကာလက်ကိုဆောင့်ဆွဲလိုက်တော့ မျက်လုံးဝိုင်းဝိုင်းလေးတွေကအံ့ဩနေသည့်ပုံစံလေးတွေနဲ့ကြည့်နေသည်။ အဲ့အကြည့်လေးတွေကိုလွမ်းနေတာ အရင်ကအတိုင်းဘာမှမပြောင်းလဲသေးပေ။

"ထယ်~"

အဲ့အသံလေးအဲ့အသံလေးကိုလွမ်းနေရတာ။ စိတ်မထိန်းနိုင်ပဲခန္ဓာကိုယ်လုံးလုံးလေးကိုရင်ခွင်ထဲဆွဲသွင်းလိုက်တော့ အတင်းတွန်းထုတ်လိုပ်သည်။ ဘာမှမပြောင်းလဲသေးပါလားဂျောင်ရယ်~~

"အင့်..လွှတ်ပါ..ထယ်"

ဖက်လို့ဝမှခန္ဓာကိုယ်သေးသေးလေးကိုလွှတ်ပေးလိုက်တော့ မေးခွန်းမြောက်များစွာဖြင့်ကြည့်လာတဲ့အဲ့အကြည့်တွေကိုမကြည့်ချင်တာကြောင့်

"ကိုယ်နဲ့လိုက်ခဲ့"

လက်ကနေဆွဲခေါ်လာကာအိမ်သို့မောင်းနှင်လာခဲ့သည်။ ကားထဲရောက်တော့လည်းငြိမ်သက်နေတဲ့ဂျောင်ကြောင့်ထယ်ယောင်းစိတ်ထဲဘဝင်မကျဖြစ်မိသည်။ သူတို့နှစ်ယောက်ကအကြာကြီးအဆက်အသွယ်ပျက်နေတဲ့ရည်းစားတွေပဲမဟုတ်လား။ ဘာလို့အဲ့လောက်အေးစက်စိမ်းကားနေရမှာလဲ။ အိမ်ရောက်တော့လည်းစကားမပြောတဲ့ဂျောင်ကြောင့်ထယ်ယောင်းသူ့အခန်းထဲသာခေါ်လာလိုက်သည်။ ဂျောင်ကိုကုတင်ပေါ်မှာထိုင်ခိုင်းကာ သူကတော့ဘေးကခုံကို‌ဆွဲယူပြီးထိုင်လိုက်သည်။

🌷Like A Flower🌷(꽃처럼) √ Completed √Where stories live. Discover now