🌷4🌷

3.4K 326 19
                                    

Unicode

ဂျောင်ဂုတစ်ယောက်မနက်အစောနိုးပြီး အဖေ့ကိုနှုတ်ဆက်ခဲ့ကာ သူမနက်အချိန်ပိုင်းလုပ်နေကြ cafe ဆိုင်လေးကိုလာလိုက်တယ်။ မနက်ပိုင်းအဲ့မှာအလုပ်လုပ်ပြီး‌ေန့လည်ခင်းလောက်ကြတော့ စာအုပ်ဆိုင်မှာအချိန်ပိုင်းအလုပ်လုပ်ရပြန်တယ်။ အဲ့တာပြီးမှညနေ bar ကိုသွားကာ သီချင်းဆိုဖျော်ဖြေရတဲ့အလုပ်ကိုလုပ်ရတော့တယ်။ အဲ့မှာသ‌ီချင်းဆိုပြီးအလုပ်ပြီးသွားပြီမို့ ဆောင်းမင် ရဲ့အမေကိုကြည့်ရင်ဆေးရုံသာလာလိုက်သည်။ ဆောင်းမင်ကသေချာကြည့်ပေးထားပါဦးလို့မှာထားတယ်မဟုတ်လား။ အဲ့တာကြောင့် တာဝန်အရလာကြည့်လိုက်သည်။ ဆေးရုံထဲဝင်ဝင်ချင်း ကင်မ်ထယ်ယောင်း ဆိုတဲ့လူကိုရှာကြည့်ပေမယ့်မတွေ့။ သူ့ကိုဘာလို့ရှာမိနေလဲဆိုတာလည်းသူ့ကိုယ်သူမသိ။ ကင်မ်ထယ်ယောင်း နဲ့တော့မတွေ့ပေမယ့် ဆရာဘိုဂွမ်နဲ့တွေ့တာမို့ ဆောင်းမင်အမေဆီအတူတူသာလာလိုက်တယ်။ ဆောင်းမင် အမေနဲ့စကားခနတစ်ဖြုတ်ပြောနေတော့ အကိုဘိုဂွမ်ကစောင့်ပေးတယ်။ ခနအကြာသူလည်း အိမ်ပြန်ရမှာမို့ အကိုဘိုဂွမ်နဲ့စကားပြောရင်း အောက်ဆင်းလာလိုက်တယ်။

Bg: ဂျောင်ဂုက bar တစ်ခုမှာအလုပ်လုပ်နေတယ်ဆို

Jk: Nae.

Bg: ဘယ်အချိန်လောက်လဲ?

Jk:ညနေငါးနာရီကနေခြောက်နာရီထိ...ဒီနေ့ကဆောင်းမင်အမေကိုကြည့်ပေးရမှာမို့စောစောဆင်းလာတာ

Bg: aww...omm...အချိန်ရမှလာခဲ့မယ်...ဂျောင်ဂုသီချင်းဆိုတာနားထောင်ကြည့်ရတာပေါ့

Jk: Nae.

Bg: ဂျောင်ဂုကအိမ်မှာတစ်ယောက်ထဲနေတာလား?

Jk: arnyi...Appa နဲ့နေတာ

Bg: aww...နှစ်ယောက်ထဲပေါ့

Jk: omm.

Bg: Appa ကကျန်းမာရေးကောကောင်းရဲ့လား?

Jk: Appa မှာကကင်ဆာရောဂါရှိတယ်

Bg: oh!! Jinja!! Miyanae!!

Jk: arnyi...ရပါတယ်

Bg: ဘာကင်ဆာလဲ? ကိုယ့်ကိုစပ်စုတယ်လို့မထင်ပါနဲ့ ကိုယ်ကကူညီလို့ရရင်ကူညီမလို့ပါ

Jk: Nae ... အသည်းကင်ဆာပါ

Bg: အသည်းကင်ဆာဆိုတော့ ဂျောင်ဂု Appa ကအရက်တွေပါတွေသောက်လို့လား?

🌷Like A Flower🌷(꽃처럼) √ Completed √Where stories live. Discover now