🌷8🌷

2.7K 251 34
                                    

Unicode

ထယ်ယောင်း သူ့ကိုဖွင့်ပြောပြီးတဲ့နေ့ကစပြီးဂျောင်ဂုထယ်ယောင်းနဲ့ဝေးဝေးနေမိသည်။ သူကစဉ်းစားပေးမယ်ပြောထားပေမယ့်တစ်ကယ်တမ်းကြသူမစဉ်းစားပေးစေချင်ပါ။ သူနဲ့ကိုယ်ကအဆင့်တန်းချင်းကွာတာမို့။ ပြီးတော့နှစ်ယောက်လုံးကယောက်ကျားလေးတွေသူကနာမည်ကြီးနေတဲ့ဆရာဝန်တစ်ဦး သူ့ရဲ့နာမည်ကိုကိုယ့်ကြောင့်မပျက်သွားစေချင်ဘူး။ အခုဆိုရင်appaကနောက်ထပ်နှစ်လပဲနေရတော့မယ်။ အကိုဘိုဂွမ်ကလည်းအခုတစ်လောသူ့အပေါ်အရမ်းကောင်းသည်။ တစ်ခါခါကြသူ့ကိုများသဘောကျနေသလားလို့တွေးမိသည့်အထိပင်။ အကိုထယ်ယောင်းကအေးမယ်လို့ထင်ထားတာဒါမယ့်သူ့အပေါ်အသားယူလွန်းပါသည်။ ဟိုတစ်ခါကဆိုသူ့ကိုရှောင်နေလို့ဆိုပြီး သူ့နားနေခန်းထဲခေါ်သွားပြီးတော့ သူ့ကိုရှောင်နေရလားဆိုပြီး အတင်းနမ်းတာ။ အဲ့လိုဇွတ်လုပ်တတ်တဲ့အကျင့်လေးသာရှိတာစိတ်ရင်းလေးကတော့ကောင်းရှာပါတယ်။ appaပေါ်ကိုလည်းဂရုစိုက်ပေးတယ်။ သူ့အပေါ်လည်းကြင်နာပေးတယ်။ အကိုထယ်ယောင်းကိုတစ်ခါတစ်လေကြအဖြေပေးလိုက်ရင်ကောင်းမလားလို့တွေးမိပေမယ့်သူ့ကိုချစ်လားလည်းကိုယ့်ကိုယ်ကိုမသိပေ။ သူ့ရဲ့အဖြေကိုဘယ်လိုရှာရမလဲလည်းမသိပေ။ အတွေးတွေထဲနစ်မြောနေတုန်းappaမေးသံကြားမှအသိပြန်ဝင်တော့သည်။

Jk's Appa:သားဘာလုပ်နေတာလဲ?

ကိုယ့်ကိုယ်ကိုပြန်ကြည့်မိတော့ဂစ်တာကြီးကိုင်ပြီး ထိုင်နေတာ။

Jk:အာ..သီချင်းဆိုမလို့လေ

Jk's Appa:သားကလည်းသီချင်းဆိုမယ့်ဟာကိုထိုင်နေတာကျောက်ရုပ်ကြီးအတိုင်းပဲ

Jk:အာ..ဘာသီချင်းဆိုရမလဲစဉ်းစားနေတာပါ

Jk's Appa:အင်းပါ..ဆိုလေသားသီချင်းမဆိုတာကိုနားမထောင်ရတာကြာပေါ့

Jk: Nae.

Appa ကိုသေချာပြန်ပြောကာ ဂစ်တာကြိုးမျှင်လေးတွေပေါ်လက်တွေလှုပ်လျားပြီးဆိုလိုက်တဲ့သီချင်းလေးက

🎶 Love in your eyes sitting silent by my side.

မင်းမျက်ဝန်းထဲကအချစ်တွေငါ့ဘေးနားမှာတိတ်ဆိတ်စွာထိုင်နေခဲ့တယ်။

🌷Like A Flower🌷(꽃처럼) √ Completed √Where stories live. Discover now