*ကောင်ကလေးမဟုတ်သောကောင်ကလေးထံသို့ ပေးစာ*

စူးရှ ထိုနာမ်စားကလေးကိုကြည့်ကာ ရင်ထဲက ဗလောင်ဆူ လာ၏။
ဘယ်သူ့ဆီကဆိုတာ တိတိကျကျသိလိုက်ပါပြီ။
စာအိတ်ကိုဖောက်ကာ အထဲမှစာကို ဖွင့်ဖတ်လိုက်သည်
ဖျစ်ညှစ်ခံထားရသလို စာဖတ်ရင်း အသက်ရှူရကျပ်လာသည်။
မျက်ဝန်းမှာ မျက်ရည်တို့ သို့တက်လာသည်လား စူးရှကိုယ်တိုင် သတိမထားမိတော့။

စာက သိပ်အရှည်ပြီးမဟုတ်ပါ။

တစ်မျက်နှာတောင မပြည့်ချင်။
စာဖတ်လို့ပြီးတော့ အောက်ပြေးဆင်းကာ အဖေနှင့် အကိုတွေကိုပေးဖတ်လိုက်သည်။
စူးရှ အပေါ်ပြန်ပြေးတက်ပြီး အမအွန်မ် ကို ယုယငယ်ဘယ်မှာလဲ မေးရတော့သည်။

စူးရှ တိတိကျကျသိချင်သည်။

"အမအွန်မ် သူ. သူဘယ်မှာလဲ ကျွတ်တော့်ကို အမှန်တိုင်းပြောပါဗျာ"

အွန်မ်စင်သည် ငြိမ်၍ စူးရှကိုစိုက်ကြည့်လျက်နေသည်။
အသက်ပြင်းလည်းချ၏။

"အမအွန်မ် .."

စူးရှ တကယ်စိတ်မရှည်တော့ပါ။
အော်ပစ်လိုက်မိသည်။
သူ အွန်မ်စင်အပေါ် တစ်ခါမှ ဒီလိုမအော်ခဲ့ဖူးပါယ
ခုများတော့ ယုယငယ်ကြောင့် သူ အားလုံးကို သွေဖယ်နေမိပြီ။
မတက်နိုင် ။
အခုချိန်မှာ ယုယငယ်ကိုသာအမြန်တွေ့ချင်နေပြီ။

" သူ. သူ့မှ ရောဂါရှိတာသိတယ်မလာ။ အဲ့တာလေ အဲ့တာ အကိုကြီးက သူ့ရဲ့အကိုအရင်းခေါက်ခေါင်ဖြစ်တယ်။
အကိုကြီးဆီကနေ ရိုးတွင်းခြင်ဆီ ရရင် ပြန်ကုလို့ရတယ် သိရဲ့လား။
အချိန်တွေနောက်ကျကုန်ရင် အားလုံးခက်ကုန်လိမ့်မယ်"

စူးရှစကားကိုလိုတာထက်ပိုကျယ်ကျယ်ပြောလိုက်ပြန်သည်။
အွန်မ်စင်က ဘာမှမပြော။
ငြိမ်လျက်သား ရှိ၏။

"P'Aom!"

စူးရှ အသံကို လျှော့ချလိုက်သည်။

"တောင်းပန်ပါတယ် ။ ကျေးဇူးပြုပြီး အမှန်တိုင်းပြောပေးပါ"

မျက်ရည်တို့ ရစ်သီလာသလား မသိ။
အမအွန်မ် ဆီငသာ တစ်ခုခုကို သူသိချင်နေပြီ။

"စူးရှ.."

ခေါ်သံက တိုးလျလျလေး။
အမအွန်မ် လည်း တစ်ခုခုကို အံ့အားသင့်နေသယောင်
မျက်ဝန်းတို့က ဝိုင်းစက်နေသည်။

A letter to A boy who is not a boy(Completed)Where stories live. Discover now