..............................................

" ကိုကိုသူ့ကိုသ​ဘောကျ​နေတာလား??_"

" ဘာကိုဆိုလိုတာလဲ? !_"

မိမိမျက်​လုံးကိုစိုက်​ကြည့်​​ရင်း​မေး​နေသည့်​ညီမဖြစ်​သူက တသ်​ချက်​မှအကြည့်​မလွှဲ​ပေ..ခိုင်​မာသည်​ဟူ​သောအ​တွေးတို့ကသူမထဲမှမိမိထဲသို့ပင်​ကူး​ပြောင်းလာ​နေဟန်​...

" မ ဟုတ်​ဘူး!_"

" ဟက်​!_" ခပ်​ကျယ်​ကျယ်​​လှောင်​ရယ်​သံကအခန်းတွင်းပျံ့နှံသွားသည်​..

" ညီမ​လေးကအငယ်​ဆို​ပေမဲ့ ကိုကို့ကိုပဲအရိပ်​တကြည့်​ကြည့်​လုပ်​လာခဲ့တာ ကိုကိုညီမ​လေးကိုလာကြိုတဲ့​နေ့တည်းကသူ့အ​ပေါ်ကြည့်​တဲ့အကြည့်​​တွေကိုညီမ​လေးသ​ဘော​ပေါက်​ပြီးသား! ဘယ်​သူ့ကိုမှ​နွေး​နွေး​ထွေး​ထွေးမကြည့်​တတ်​တဲ့ကိုကို ညီမ​လေးကို​တောင်​အဲ့လိုမကြည့်​တတ်​တဲ့ကိုကိုက တစ်​ခြားသူအ​ပေါ်ကြည့်​​နေတဲ့အကြည့်​ကကွာခြား​နေတာကိုညီမ​လေးကမသိပဲ​နေပါ့မလား_ညီမ​လေးကို​တောင်​မဟုတ်​ဘူး ကိုကိုက ကိုယ့်​ကိုကိုယ်​​တောင်​လိမ်​​နေတာ _"

" သူကိုကို့ကိုမချစ်​ဘူး_"

ခပ်​ပြတ်​ပြတ်​စကားသံ​ကြောင့်​သူမကမိမိကို​မော့ကြည့်​လာ၏.....
" ဟက်​! အခုချိန်​ထိမာနရှိ​နေ​သေးတာပဲ_"

သူမကိုယ်​တိုင်ကြားရုံသာဆိုလိုက်​သည့်​စကားမို့​နောက်​တစ်​ခါပြန်​​မေးရ​လေသည်​..

" ဟမ်​??_"

" sorry ..ရုပ်​ရှင်​ကို​ပြော​နေတာ_"

"......."

" ​မေ​မေမသိဘူးထင်​​နေတာလား??_"

သူမ၏စကားသံကမိမိ​ခေါင်းကိုရိုက်​လိုက်​သလိုပင်​...

" အန်​တီ​လေးကသိ​နေတယ်​တဲ့လား?_"

သူမ၏စကားသံအဆုံးတွင်​ထပ်​တိုး​ပြောစကာမရှိ​တော့ ...အကယ်​၍အန်​တီ​လေးသိပြီဆိုရင်​အန်​တီ​လေးကတဆင့်​သူ၏​မေ​မေသိ​ပေမည်​....

" စိတ်​ချပါ ​မေ​မေကတီ​လေးကို​ပြောမှာမဟုတ်​ဘူး..​ပြောခဲ့ရင်​​တောင်
တီ​လေးသ​ဘောတူ​အောင်​​ပြော​ပေး​လောက်​မှာ....တီ​လေးကနိုင်​ငံခြားမှာ​နေ​နေတဲ့သူပဲ ဒီကိစ္စအတွက်​နဲ့အယူမကြီး​လောက်​ပါဘူး..ကိုကို​တွေးပူရမှာက သူကိုကို့ကိုလက်​ခံ​အောင်​​ပြောဖို့_ကိုကိုကြိုးစားနိုင်​တယ်​ဆို​ရင်​​ပေါ့ _"

Devil System(U+Z)Where stories live. Discover now