ပတ်ဝန်းကျင်က တိတ်ဆိတ်လျက် သူတို့နှစ်ယောက်က နဖူးချင်းထိကပ်လို့နေကာ ဝင်သက်ထွက်သက်တို့ရောယှက်လို့နေပြီး ရင်ခုန်သံတို့ကလည်း ထပ်တူကျလျက်။

တအောင့်လောက်ကြာကာမှ ချီရှို့ယွမ်က အပြုံးလေးနဲ့

" ဆပ်ပြာတုံးနံ့လေးရနေတယ် မင်းကိုယ်က "

" ထိန်းသိမ်းရေးစခန်းမှာ တခြားရေချိုးဆပ်ပြာရည်မရှိဘူး။ ဆပ်ပြာတုံးပဲရှိတာ။ "

ရှောင်းလီ တိုးလျစွာပြန်ပြောရင်း တဖက်လူနားပိုကပ်လိုက်ကာ

" မင်းကတော့ စိုထိုင်းထိုင်းအနံ့နဲ့ "

" စောစောက မိုးမိသွားလို့ "

နောက်ဆုံးတော့ ချီရှို့ယွမ်လည်း အဝတ်စိုတွေနဲ့ နေရတာ အဆင်မပြေ ခံစားလာရကာ ရှောင်းလီကို အသာနမ်းလို့

" ကိုယ်ရေချိုးလိုက်ဦးမယ်။ မင်း ညစာစားပြီးပြီလား။ "

" မစားရသေးဘူး။ "

" မီးဖိုချောင်ထဲမှာ ဆန်ပြုတ်နဲ့ ဟင်းနည်းနည်းရှိတယ်။ နွေးပြီးစားလိုက်နော်။ ကိုယ် ရေချိုးပြီး လာခဲ့မယ်။ "

ပြောရင်းမှ ရှောင်းလီကို ထပ်နမ်းလိုက်ပြန်တယ်။

တကယ်တော့ ရှောင်းလီ အစာစားချင်စိတ်ရှိမသော်လည်း မီးဖိုချောင်ထဲသွားကာ အေးစက်နေတဲ့ ဆန်ပြုတ်ကို နွေးမနေတော့ပဲ စားလိုက်ပြီးနောက် ပန်းကန်ကို တိတ်တဆိတ်ဆေးကာ ဧည့်ခန်းဆီ ပြန်သွားလိုက်တယ်။

ဧည့်ခန်းဆီရောက်တော့လည်း ထိုင်မနေပဲ မတ်တပ်ပင်ရပ်လို့နေကာ ခဏကြာတော့ ရေချိုးခန်းဆီ လျှောက်သွားလိုက်ပြီး တံခါးကို တွန်းဖွင့်လို့ အထဲကို ဝင်သွားလေတယ်။

ရေချိုးခန်းထဲမှာတော့ ရေငွေ့ကြောင့် မြူဆိုင်းနေသလို မှုန်မှိုင်းနေကာ ရေချိုးဆပ်ပြာနံ့ သင်းသင်းက လေထဲ ပျံ့လွင့်လို့နေတယ်။ ချီရှို့ယွမ်က တံခါးကိုကျောပေးကာ ရေချိုးနေတာကြောင့် တံခါးပိတ်သံကြားကာမှ ခေါင်းလှည့်ကြည့်မိတော့ အတော်လေး ကြောင်တောင်တောင်နိုင်စွာဖြစ်နေတာကို ရှောင်းလီတွေ့လိုက်ရတယ်။

Lawless Gangster (Myanmar Translation)Where stories live. Discover now