Episode 39

534 134 26
                                    

အပိုင်း ၃၉

Zawgyi

ရှောင်းလီ ဖုန်းခေါ်တဲ့အချိန်က မနက်မိုးလင်းခါတောင်နီးနေပြီ။

ချီရှို့ယွမ် ကျောင်းအုပ်ကြီးထံ ဖုန်းဆက်ကာ ခွင့်ရက်တိုးပေးဖို့ ဖုန်းဆက်ပြီးပြီးချင်း ရှောင်းလီထံမှ ဖုန်းဝင်လာတာ ဖြစ်တယ်။ ဖုန်းဆက်ပြီးတော့မှ ဖုန်းအားကုန်ခါနီးနေတာကို သတိထားမိတယ်။ ဆေးရုံကို အလောတကြီးပြေးလာခဲ့ရလို့ ဖုန်းအားသွင်းကြိုးလည်း မယူလာခဲ့မိ။ ဟန်ကျားကို စောင့်ကြည့်ထားပေးဖို့ နာ့စ်မလေးကို အကူအညီတောင်းပြီး အားသွင်းကြိုးသွားဝယ်မယ်လုပ်တုန်း ဖုန်းဝင်လာတာဖြစ်တယ်။

" ရှောင်းလီရေ... ကိုယ့်ဖုန်းက အားကုန်တော့မှာ။ "

ဖုန်းကိုင်လိုက်တာနဲ့ ချီရှို့ယွမ် မြန်မြန်ပဲပြောလိုက်တယ်။

" ကိုယ် အများသုံးဖုန်းနဲ့ ပြန်ခေါ်လိုက်မယ်လေ။ "

သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် တွေ့နေရတာမဟုတ်ပေမယ့် ရှောင်းလီ သူ့စကားတွေကို ပြုံးပြီးနားထောင်နေမယ်ဆိုတာ အလိုလိုသိနေတယ်။

" ပြီးရောလေ.... အဲ့မှာရော ဘယ်လိုနေလဲ။ "

" ဟန်ကျားက သတိမရ​သေးဘူး။ပြင်းပြင်းထန်ထန် ထိခိုက်ထားတာမရှိလို့ တစ်ရက် နှစ်ရက်နေရင် သတိပြန်ရမယ်လို့ ဆရာဝန်က ပြောတာပဲ။ "

" ငါသိတယ်လေ။ ငါတို့ထဲက တစ်ယောက် သူ့ဆီသတင်းမေးလာသွားတယ် မဟုတ်လား။ သူငါ့ကို အကုန်ပြန်ပြောပြီးပြီ။ "

ရှောင်းလီက အေးအေးဆေးဆေးပဲ ပြောလို့နေတယ်။

" ငါက မင်းအဆင်ပြေရဲ့လားလို့ မေးတာ။ "

" ကိုယ်လား "

ရှောင်းလီထံမှ ထိုစကားကြားရတော့ ချီရှို့ယွမ် ပြုံးမိတယ်။

" အဆင်ပြေပါတယ်။ ဟန်ကျားကို ပြုစုရတာ ဘာပြဿနာမှ မရှိဘူး။ "

ရှောင်းလီဘက်က တိတ်သွားတာကို သတိထားမိလို့ ချီရှို့ယွမ်ကပဲ ဆက်ပြောတယ်။

" ရှောင်းလီ... "

" အင်း? "

မနေ့က ဘာလို့ဖုန်းမခေါ်တာလဲ၊ ကိုယ် မင်းကို တကယ်စိုးရိမ်နေတာလို့ ပြောလိုက်ချင်ပေမယ့် ရှောင်းလီရဲ့ ' အင်း ' ဆိုတဲ့ ထိုစကားတစ်ခွန်းရဲ့ အသံက ငယ်ကျွမ်းဆွေတွေစကားပြောနေကြသလို ရင်းနှီးဖော်ရွေမှုတွေ စီးပိုးကာ အရမ်းသဘာဝကျလွန်းလို့ ချီရှို့ယွမ် ဘာမှဆက်မပြောနိုင်အောင် ဖြစ်ရတယ်။

Lawless Gangster (Myanmar Translation)Kde žijí příběhy. Začni objevovat