Episode 46

518 103 14
                                    

အပိုင်း ၄၆

Zawgyi

အိမ်တံခါးဖွင့်ဖို့ အိပ်ကပ်ထဲကသော့ကို ချီရှို့ယွမ် ထုတ်ဖို့လုပ်တော့ ရှောင်းလီက စုစုကို ကူတွဲပေးတယ်။ စုစု အိပ်ပျော်နေတာကိုတွေ့ရလို့ အသံတိုးတိုးလေးနဲ့

" ကိုယ့်ကို ပုဝါအစိုတစ်ထည်ယူပေးပါလား။ ရေနွေးလေးနဲ့ စွတ်လာခဲ့ပေး။ "

ရှောင်းလီ နာနာခံခံနဲ့ပင် ခေါင်းငြိမ့်ပြကာ ရေချိုးခန်းဆီထွက်သွားတယ်။ ရေချိုးခန်းထဲက ရေနွေးနဲ့ ပုဝါကိုရေစွတ်ကာ စုစုရဲ့အခန်းဆီသို့ တိတ်တဆိတ်ပင် ပြန်လာတယ်။

ပြတင်းပေါက်ကဖွင့်ထားလျက်ရှိနေတာကြောင့် အပြင်က မိုးသည်းထန်စွာရွာသံကို ကြားနေရတယ်။

ချီရှို့ယွမ် ရှောင်းလီလက်ထဲမှ ပုဝါကိုယူပြီး စုစုမျက်နှာကို အသာအယာ သုတ်ပေးလိုက်ပြီးနောက် ပြတင်းပေါက်ကိုပိတ်လိုက်တယ်။

ချီရှို့ယွမ် ပြန်ပေးလာတဲ့ ပုဝါကိုယူလို့ ရေချိုးခန်းထဲကို ရှောင်းလီပြန်သွားပြန်တယ်။ ပုဝါကိုရေစွတ်နေရင်း ရှောင်းယန်ငယ်စဉ်တုန်းက သူလည်း ယခုလို ပြုစုပေးခဲ့တာကို အမှတ်ရကာ သတိမထားမိပါပဲ ခပ်ရေးရေးပြုံးမိတယ်။

ထို့နောက် အသုံးပြုထားတဲ့ ပုဝါနှစ်ထည်ကို တန်းမှာလှန်းခဲ့လိုက်ပြီး ဧည့်ခန်းမှာ သူ့ကိုစောင့်နေမယ့် ချီရှို့ယွမ်ဆီ ထွက်လာလိုက်တယ်။ သို့သော် သူရေချိုးခန်းထဲထွက်ထွက်ချင်းမှာပဲ လက်ကိုဖမ်းဆွဲခံရကာ နံရံထက်ဝယ် ဖိကပ်ခံလိုက်ရတယ်။ အနေအထားက အတော်လေး နေရခက်တာကြောင့် ရှောင်းလီ ခဏလောက် ရုန်းကန်နေမိတယ်။

" မလှုပ်နဲ့ကွာ။ "

ချီရှို့ယွမ် ရှောင်းလီကိုယ်ပေါ် ငုံ့ကိုင်းကာ တိုးတိုးလေးပြောတယ်။

ရှောင်းလီ ကျရှုံးရတဲ့ ထိုလူရဲ့ ဒီလိုမျိုးလေသံ။ သူကိုယ်တိုင်တောင် နားမလည်ရပါပဲ သူ့နှလုံးသားလေး နူးညံ့ပျော့ပျောင်းလာရတဲ့ အခြားသောအကြောင်းရော ရှိသေးရဲ့။
သူမလှုပ်မယှက်လေး ရပ်နေမိတယ်။ သူတို့ ပြောစရာစကားတွေ မေးစရာကိစ္စတွေ အများကြီးရှိသော်ငြား လောလောဆယ် တစ်ယောက်ကို တစ်ယောက် တင်းကြပ်စွာသာ ပွေ့ဖက်ထားရုံနဲ့တင် လုံလောက်လို့နေလို့တယ်။

Lawless Gangster (Myanmar Translation)Hikayelerin yaşadığı yer. Şimdi keşfedin