အဓိကစပ်စုချင်တဲ့ ကိစ္စက ဟော်ရူယန်နဲ့ ဘယ်လိုဆက်ဖြေရှင်းမှာလဲဆိုတာပဲ။ အဲ့အချက်က စောင့်ကြည့်သင့်တဲ့ကိစ္စ မဟုတ်ဘူးလား..?!

ကံမကောင်းချင်တော့ ရင်းဆုယဲ့က အဲ့လိုအရှုပ်အထွေးတွေကို နည်းနည်းလေးတောင် စိတ်မဝင်စားဘူး။ သူ့ကို ပွေ့ချီလိုက်တယ်။ ပြီးတော့ ပိုင်ယွီကို ‘မင်းရှင်းလိုက်’ ဆိုတဲ့ စကားတစ်ခွန်းပြောပြီး ထွက်လာခဲ့လေရဲ့။ အင်္ကျီလက်ခါပြီး တိမ်စီးသလို ထွက်လာခဲ့တာများ အရမ်းမိုက်လွန်းတယ်..!

ဒါပေမဲ့ ရင်းဆုယဲ့ဆိုတဲ့လူကြီးက ဒီအစ်ကိုကြီးရဲ့ စိတ်ကူးကို လုံးဝမမေးခဲ့ဘူးဟ..!

ဒီကမ္ဘာပေါ်မှာ Human Right ရော ရှိသေးရဲ့လား..?!

“မင်း ဗိုက်ဆာနေပြီလေ..”

ရင်းဆုယဲ့ကလည်း အကြောင်းပြချက်ကို မျက်တောင်မခတ်ဘဲ ပြန်ပြောလိုက်တယ်။

“………….” တော်လောက်ပြီ ရင်းဆုယဲ့ရေ..!

သူ့ရဲ့ အကြောင်းပြချက်တွေကို ရင်းဆုယဲ့က အမြဲတမ်း ယူသုံးနေတော့တာပဲ။ ရင်းဆုယဲ့.. ခင်ဗျားရဲ့အကွက်က ရိုးလွန်းနေပြီလို့ မထင်ဘူးလား..? မျက်ရည်တွေ ခမ်းခြောက်တဲ့အထိ နားထောင်ခဲ့ပြီးပြီလေ။ မကြိုက်ပေမယ့် ကြိတ်မှိတ်နားထောင်ခဲ့ပြီးပြီ။

အစားသောက်တွေက တည်းခိုးဆောင်မှာတင် ရှိတယ်လေ၊ အဝေးကြီး သွားစရာလိုလို့လား..? သုံးနှစ်ကလေးကိုတောင် အရူးလုပ်လို့မရတဲ့ ဒီလိုခပ်တုံးတုံးဆင်ခြေမျိုးသုံးပြီး သူ့လို ပညာတတ်၊ ဂုဏ်သိက္ခာကြီးမားပြီး ဉာဏ်ကောင်းတဲ့၊ ရုပ်ရည်ခန့်ညားတဲ့ လူငယ်တစ်ယောက်ကို လှည့်စားချင်နေတာလား..?

ကြည့်ရတာ ရွှယ်ယို့ရှန်းတစ်ယောက် နေရာပြောင်းပြီး ထမင်းစားမယ်လို့ အရင်ဆုံးပြောခဲ့တဲ့လူက သူဆိုတာ လုံးဝမေ့လျော့နေပုံပါပဲ။ ရွှယ်ယို့ရှန်းက အလွယ်တကူ လက်လျော့တတ်တဲ့လူမျိုး မဟုတ်လေတော့ ရင်းဆုယဲ့ဆီကနေ အမှန်တရားကို မကြားရမချင်း တတွတ်တွတ် မေးနေတော့တယ်။

“ဒါဆိုလည်း ပိုင်ယွီ တည်းခိုဆောင်က ပြဿနာတွေ ဖြေရှင်းပြီးတဲ့အချိန် ကျွန်တော်တို့နဲ့အတူ သွားလို့ရတာပဲလေ.. အဲ့တာကိုရော ဘာလို့ခွင့်မပြုတာလဲ..?”

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now