ရွှယ်ယို့ရှန်းခမျာ စိတ်ဓာတ်ကျသွားရတယ်။ ကြည့်ရတာ အခု သူဘာလုပ်လုပ်၊ ရင်းဆုယဲ့ရဲ့ မျက်လုံးထဲမှာ ချီးမွမ်းခံချင်နေတဲ့ ကလေးတစ်ယောက်လို ဖြစ်နေတာ မဟုတ်ဘူးလား။ ဘယ်တုန်းက ချီးမွမ်းခံချင်သလို လုပ်လိုက်မိလို့လဲဟင်..? သူက ရင်းဆုယဲ့ အထင်ကြီးတာကို လိုချင်နေတာပါဟ..! ကလေးတစ်ယောက်လို အမြဲတမ်း ချော့မော့ခံနေရတာလောက် ဝမ်းနည်းကြေကွဲဖို့ကောင်းတာ မရှိဘူး။

“အဲ့တာဆိုလည်း ပိုင်ယွီကို ဘာလို့ကျွန်တော်တို့နဲ့ လိုက်ခွင့်မပေးတာလဲ..?”

သူ့ကို အထင်သေးနေသလိုမျိုး ခံစားလိုက်ရတာကြောင့် ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ကို စတင်အပြစ်ရှာတော့တယ်။

“ပိုင်ယွီက တည်းခိုဆောင်ထဲက အရှုပ်တွေကို ဖြေရှင်းဖို့ လိုအပ်သေးတယ်လေ..”

ရင်းဆုယဲ့က လမ်းလျှောက်နေရင်း တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်တယ်။

“အဲ့တာလည်း ဟုတ်သားပဲ..”

ရွှယ်ယို့ရှန်းက နားလည်မှုရှိစွာ ခေါင်းညိတ်ပြလိုက်တယ်။

တည်းခိုဆောင်ထဲမှာ ရင်းဆုယဲ့ ဖျက်ဆီးခဲ့တာက နည်းတာမှမဟုတ်တာ။ တစ်ယောက်ယောက်တော့ ကျန်ခဲ့ပြီး တောင်းပန်သင့်တဲ့ လူတွေကိုလည်း တောင်းပန်ရမယ်၊ ဖြေရှင်းသင့်တဲ့ ကိစ္စတွေကိုလည်း ဖြေရှင်းဦးမှဖြစ်မှာ။ ပြီးတော့ ပိုင်ယွီကိုယ်တိုင်က နေရစ်ပြီး ဒီပြဿနာတွေကို တာဝန်ယူဖြေရှင်းပေးချင်နေတာဆိုတော့ ရွှယ်ယို့ရှန်းလည်း မငြင်းသာတော့ဘူး။

“ဒါပေမဲ့ ဘာလို့ အတူတူနေပြီး မဖြေရှင်းရတာလဲ..?”

သူ့ကိုပွေ့ချီပြီး တည်းခိုဆောင်ကနေ ချက်ချင်းထွက်လာခဲ့တဲ့ ရင်းဆုယဲ့ကို ရွှယ်ယို့ရှန်းလည်း နားမလည်နိုင်တော့ဘူး။ တကယ်တော့ သူတို့ တည်းခိုဆောင်မှာ ဆက်နေမယ့်ကိစ္စက ပိုင်ယွီပြဿနာဖြေရှင်းတာနဲ့ ဘာမှမဆိုင်ပါဘူး။ သူကိုယ်တိုင်က ပိုင်ယွီ ဘယ်လိုဖြေရှင်းမလဲဆိုတာ အရမ်းစပ်စုချင်နေတာ။

လျော်ကြေးပေးမှာလား..? ဒါမှမဟုတ် တောင်းပန်မှာလား...? ဒါမှမဟုတ် တခြားနည်းလမ်းတွေ ရှိနေဦးမလား..?

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now