64

9.7K 1.6K 63
                                    

Unicode

“ရှောင်ယဲ့ယဲ့၊ ကျွန်တော်ညီလေးတစ်ယောက် ရခဲ့ပြီ..!”

ရွှယ်ယို့ရှန်းက ရင်းဆုယဲ့ရဲ့ လက်မောင်းထဲမှာ အပျင်းတစ်နေရင်း ခေါင်းမော့ပြီး ကြွားလုံးထုတ်လိုက်တယ်။

တည်းခိုဆောင်ကနေ ထွက်လာပြီး လမ်းမကြီးပေါ် ရောက်လာသည့်တိုင်အောင် ရင်းဆုယဲ့က သူ့ကို ပွေ့ချီထားတုန်းပဲ။ ရွှယ်ယို့ရှန်းလည်း အခမဲ့သယ်ယူပို့ဆောင်ရေးယာဉ်ကြီး ရှိနေမှတော့ သူ့ရဲ့ ခြေထောက်တိုတိုလေးတွေကို အသုံးပြုဖို့ စိတ်ကူးမရှိခဲ့ဘူး။

လူတစ်ယောက်က ပျင်းလို့ရနေသရွေ့ အပျင်းထူနေဦးမှာပဲ..!

ဒါပေမဲ့ ညီငယ်လေးတစ်ယောက် အလွယ်တကူ ရခဲ့တဲ့ကိစ္စကိုတော့ ရွှယ်ယို့ရှန်းတစ်ယောက် အတော်လေး ဂုဏ်ယူဝင့်ကြွားနေခဲ့တယ်။ အဓိကဇာတ်လိုက်လို သူ့ကို ခံစားရစေတဲ့ ကြုံတောင့်ကြုံခဲ အခွင့်အရေးတစ်ခုပဲလေ။ သူ့ရဲ့ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အရှိန်အဝါတွေကို နည်းနည်းလေး ထုတ်လွှတ်လိုက်တာနဲ့ ဒီညီငယ်လေးက သူ့ရဲ့ ခြေဖဝါးအောက်မှာ ပြားပြားဝပ်သွားတော့တာပဲ.!

ပိုင်ယွီကိုကြည့်ရတာ သိပ်ပြီး စိတ်ချယုံကြည်ရပုံမပေါ်ဘူး။ ဒါပေမဲ့ အနည်းဆုံးတော့ အကောင်းမြင်တတ်တဲ့ လူငယ်လေးတစ်ယောက်ပါပဲလေ။ သိပ်မဆိုးရှာပါဘူး။

မြင်သမျှလူတိုင်း သူ့ကို အရမ်းဆွဲဆောင်မှုရှိတယ်လို့ ထင်ကြတော့မှာပဲ..! အနည်းဆုံးတော့ မျက်နှာသေဗီလိန်ကြီး ရင်းဆုယဲ့ထက် သူက ပိုပြီး ဆွဲဆောင်မှုရှိတာပဲလေ..!

‘ဂုဏ်ယူဖွယ်ကောင်းတဲ့ ကိစ္စလေးတစ်ခု ရှိခဲ့တယ်..
ရောင်စုံစက္ကူတွေ ပစ်ဖောက်ပြီး ဂုဏ်ပြုသင့်ပေါ့ကွယ်..
ရှေ့ဆက်ရမယ့် နေ့ရက်တွေက တောက်ပရွှင်မြူးဖွယ်..
ဂုဏ်ယူစွာပြုံးရင်း ဖြတ်ကျော်ကြစို့ကွယ်..
ကမ္ဘာတည်သရွေ့ မအိုမင်းသရွေ့
အပြုံးလေးတစ်ခုနဲ့ အသက်ဆက်ကြမယ်..’

(TN : ရွှယ်ရွှယ်က သီချင်းဆိုနေတာပါ။ Meli လည်း သူဆိုနေတဲ့သီချင်းကို မသိပါဘူးရှင်။)

“အင်း.. ရှောင်ယို့က အရမ်းအံ့ဩဖို့ကောင်းတာပဲ..!”

ရင်းဆုယဲ့က ကောင်လေး တစ်ချိန်လုံး ပိုင်ယွီအကြောင်း ပြောနေတာကို မကျေနပ်ပေမယ့် ခေါင်းညိတ်ထောက်ခံပေးနေဆဲပဲ။ သူများတွေပြောတာ ကြားဖူးသလောက်တော့ ကလေးတွေက ချော့မော့ဖို့ လိုအပ်သလို မကြာခဏ ချီးမွမ်းပေးဖို့လည်း လိုအပ်တယ်တဲ့။ အဲ့တော့ ရင်းဆုယဲ့လည်း ကောင်လေး ပျော်ရွှင်သွားအောင် ချီးမွမ်းပေးလိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now