ONE SUMMER'S POEM

2K 223 172
                                    

𝐔𝐍𝐈𝐂𝐎𝐃𝐄;

" ဂျီမင်ရေ ကျွန်ုပ်သွားပြီနော် "

" ဂရုစိုက်သွားဦးနော် အစ်ကို "

ဈေးရောင်းရန် ထွက်သွားသော ဆော့ဂျင်ကို မှာစရာရှိတာမှာပြီး ထင်းခွဲရန် ပြင်နေသော ဂျီမင်။ သူများအိမ်မှာ အလကားလာနေရသည်မို့ လုပ်တတ်သလောက်၊ လုပ်နိုင်သလောက်ကို မခိုကပ်ဘဲ လုပ်ပေးလေ့ရှိသည်။ အိမ်ရှေ့စံတစ်ပါးမို့ ဆော့ဂျင်က အားနာပြီး ဘာမှမလုပ်ရန် ပြောသော်လည်း အချည်းနှီးသာ။ ခေါင်းမာသည့် ဂျီမင်က လက်မခံ။ နှုတ်ကနေလည်း အိမ်ရှေ့စံ မဟုတ်တော့တဲ့အကြောင်းကို ခဏခဏ ပြောတတ်သေးသည်။

" ထင်းခွဲမယ် ထင်းခွဲမယ် "

တစ်ယောက်တည်း ပွစိပွစိရေရွတ်ပြီး ထင်းခွဲနေသောသူ။ ဆော့ဂျင်နှင့်အနေကြာလို့လားမသိ။ အကျင့်တွေတောင် ကူးလာလို့။ ဆော့ဂျင်ဆိုလည်း တစ်ယောက်တည်း အလုပ်လုပ်နေသည့်အချိန်ဆို ဘာတွေပြောမှန်းမသိ ပွစိပွစိဖြင့် ပြောနေတတ်တော့တာပါပဲ။ နှုတ်ခမ်းကလည်း ထော်လို့။

" ထင်းခွဲပြီးရင် ဘာလုပ်ရမလဲ။ မသိသေးဘူး၊ ထင်းခွဲမယ် ထင်းခွဲမယ်။ "

" အိမ်ရှေ့စံလေး "

" အထိန်းတော်ချွန်း လာပြန်ပြီ။ "

မနေ့ကမှ တွေ့ထားတာကြောင့် နောက်ထပ် ရက်ပိုင်းလောက်ကြာမှ လာမည်ဟုထင်ထားပေမယ့် အထိန်းတော်ချွန်းက သည်နေ့လည်း ရောက်လို့လာတာကြောင့် အကြောင်းကိစ္စ အထွေအထူးရှိလို့များလားဟူ၍ တွေးလိုက်မိသည်။

" ဘာဖြစ်လို့လဲ။ "

" ဘာမှမဖြစ်ပါဘူး။ မင်းကြီး ပေးခိုင်းလိုက်တာလေး။ "

တစ်ဆယ့်သုံးရက်တောင် လိုသေးပေမယ့် ကဗျာက ရောက်လာပြီ။ သည်တစ်ခေါက် စောလွန်းပါလား။ ဘာများဖြစ်လို့ပါလိမ့်။

မစိုးရိမ်ဘူးဟုပြောလျှင် လိမ်ရာကျမည်။ ဂျောင်ဂု တစ်ခုခုများ ဖြစ်နေသလားဆိုသည့် စိုးရိမ်စိတ်က သူ့အတွေးထဲသို့ ဝင်ရောက်စိုးမိုးလို့လာသည်။ သူကသာ စိုးရိမ်စိတ်များနေပေမယ့် အထိန်းတော်ချွန်းကတော့ ဘာမှဖြစ်ပုံမရပေ။ အကြောင်းစုံကို သိရအောင် ကဗျာတွေအား ဖွင့်ဖတ်လိုက်တော့သည်။

One Summer's Poem Where stories live. Discover now