"ငါ...ငါမသိခဲ့ဘူး"

"ဘယ်လိုညီလေးက မင်းကို အဲ့လောက် သဝန်တိုမှာတဲ့လဲ ရှောင်းကျန့်ရယ်"

အဲဲဒီလို ဖြစ်နေခဲ့တာလား။
ဟိုးအရင်ကတည်းက
ရှောင်းကျန့်နှင့် လီယို နှစ်ယောက်တည်း အပြင်သွားတိုင်း ရိပေါ် စိတ်ဆိုးခဲ့တာတွေ။
သူ လီယို့ စက်ဘီးနဲ့လိုက်သွားတုန်းက ရိပေါ် အိမ်ပြန်မလာလို့ လိုက်ရှာတော့ သူ့ကိုဖက်ပြီး ထားမသွားပါနဲ့ တဖွဖွ ရေရွတ်ခဲ့တာတွေ။
လီယိုနှင့်သူ တွဲနေကြောင်း ရိပေါ်ကို အသိပေးတုန်းက မည်သည့်စကားမှမဆိုပဲ လှည့်ထွက်သွားခဲ့တာတွေ။
လီယိုနှင့် ဒိတ်တဲ့နေ့တွေတုန်းက ရိပေါ် သူ့ကိုယ်သူ ထိခိုက်အောင် လုပ်ပစ်ခဲ့တာတွေ...။

ရှောင်းကျန့် ရင်တွေနာလာသည်။
ဒါဟာ ဘယ်လို လွဲမှားမှုမျိုးပါလဲ။
'ဘာလို့မျိုသိပ်ထားခဲ့ရတာလဲ'လို့သာ မေးလိုက်ချင်ပေမယ့် ရိပေါ် ပြန်ဖြေလာမယ့်စကားတွေကို သူ ခံနိုင်ရည်ရှိမယ်မထင်ဘူး။

"ဒါဆိုရင် မင်းပြောဖူးတဲ့ ဟိုးငယ်ငယ်ကလေးကတည်းက ငါ့ကိုပဲ ကြည့်လာခဲ့တယ် ဆိုတာ??"

"အင်း"

ရိပေါ်က ပြုံး၍ခေါင်းငြိမ့်​ပြသည်။

"အဲ့ဒီလောက် အကြာကြီးလား"

"ခုထိ ကြည့်လို့မဝသေးဘူး"

"ရိပေါ်"

ထိန်းထား​သော မျက်ရည်စများက ပါးပေါ် တလိမ့်ချင်းစီးဆင်းလာသည်။ရိပေါ်က ရှောင်းကျန့်ပါးပေါ်က မျက်ရည်တွေကို လက်ဖြင့် လှမ်းသုတ်ပေးသည်။

"ကလေးလား မင်းက
ရည်းစားစကားပြောခံရလို့ ငိုတာ
ဒီတစ်ခါပဲ မြင်ဖူးတယ်"

"ရိပေါ်!"

"ငါ့အတွက် မင်းနှလုံးသားကိုယ်မင်း
ဆန်းစစ်ကြည့်ပေးမယ်မလား"

"..."

"မဖြေချင်ရင် မဖြေပါနဲ့ ၊ တစ်ခုပဲ သိထားပေး ငါမင်းကို တရားကျတဲ့နည်းလမ်းနဲ့ပဲဖြစ်ဖြစ် ၊ မတရားတဲ့နည်းလမ်းနဲ့ပဲဖြစ်ဖြစ် ရအောင်ယူမှာ.... "

........................................................................

ရှောင်းကျန့်မှာ ကလေးလေးနှစ်ယောက်ရှိသည်။ အကျင့်စရိုက် ၊ လက္ခဏာတွေ ဘယ်လိုပဲ ခြားနားပါစေ၊ ရှောင်းကျန့်ကတော့ နှစ်ယောက်လုံးကို  တန်ဖိုးထားရပါသည်။
သူ့ဆီ ပထမဆုံးရောက်လာသော ကလေးကို တွယ်တာရသလို နောက်မှရောက်လာသော ကလေးတစ်ယောက်ကိုလည်း ပထမတစ်ယောက်ထက် မလျော့သော သံယောဇဥ် သူ့မှာ ရှိပါသည်။

By Fair Means or Foul || Completed ||Where stories live. Discover now