ရွှယ်ယို့ရှန်း သဘောမတူမှန်း သိလိုက်တာနဲ့ ရင်းဆုယဲ့က တစ်ခဏတုံ့ဆိုင်းသွားပြီး သူ့ရဲ့လက်ကို ပြန်ရုတ်သိမ်းလိုက်တယ်။ ဒါပေမဲ့ သူ့ရဲ့ မျက်နှာသေကြီးက အခုလေးတင် ဘာမှမဖြစ်ခဲ့သလိုမျိုး တည်ငြိမ်နေဆဲပဲ။

ရင်းဆုယဲ့ကို ဖျောင်းဖျပြီးနောက် ရွှယ်ယို့ရှန်းက အဖြူရောင်လူငယ်ကို လှည့်ကြည့်လိုက်တယ်။

“ခင်ဗျားက ဘယ်သူလဲ..?”

သူ့ရဲ့ စာမူကြမ်းထဲမှာ အဖြူရောင်လူငယ်တဲ့ ပတ်သက်တဲ့ အချက်အလက်တွေ သိပ်မရှိသလိုပဲ။ ဒီအဖြူရောင်လူငယ်က အဓိကဇာတ်ကောင်ကို မြှင့်တင်ပေးမယ့် သာမန်ဇာတ်ပို့လေး ဖြစ်ရမယ်။ စာရေးသူဖြစ်တဲ့ သူကိုယ်တိုင်တောင် အဖြူရောင်လူငယ်နဲ့ ပတ်သက်ပြီး သိပ်မသိဘူး။ ဘယ်စာရေးဆရာမှ တစ်ခန်းလောက်ပဲပါတဲ့ ဇာတ်ပို့ဇာတ်ကောင်တစ်ယောက်ကို တခမ်းတနား ရေးဖွဲ့နေမှာမဟုတ်ဘူးလေ။

“ကျုပ်နာမည် ပိုင်ယွီ.. အဖြူရောင်ဆိုတဲ့ ‘ပိုင်’.. ပြီးတော့ ငှက်မွှေးရဲ့ ‘ယွီ’..”

အဖြူရောင်လူငယ်.. မဟုတ်သေးဘူး.. ပိုင်ယွီဆိုတဲ့တစ်ယောက်က ရုပ်တည်ကြီးနဲ့ သူ့ကိုယ်သူ မိတ်ဆက်လာခဲ့တယ်။

“………”

နာမည်ပြောလိုက်ရင် ရပြီလေ.. အသေးစိတ်ထိ လိုအပ်လို့လားဟ..!

ရွှယ်ယို့ရှန်းရဲ့ စိတ်ထဲမှာ ‘လေအိုး’ဆိုတဲ့ စကားလုံးကို ရုတ်တရက် စဉ်းစားမိလိုက်တယ်။

“ကျုပ်က ကိုယ့်ကိုယ်ကို မိတ်ဆက်ပြီးပြီလေ.. ခင်ဗျားတို့ ဘာလို့မိတ်မဆက်သေးတာလဲ..?”

အတော်ကြာသည့်တိုင်အောင် တစ်ဖက်လူက စကားမပြန်တော့ ပိုင်ယွီလည်း မကျေမနပ် ထပ်ပြောလိုက်တယ်။

“……….”

တစ်ယောက်တည်း ပြောချင်ရာတွေ စွတ်ပြောနေတဲ့ ပိုင်ယွီကိုကြည့်ပြီး ရွှယ်ယို့ရှန်းမှာ ‘နတ်ဘုရားတွေတောင် ဆွံ့အသွားလောက်တယ်’ လို့ စိတ်ထဲ ရေရွတ်လိုက်မိတယ်။ ပိုင်ယွီဆိုတဲ့တစ်ယောက်က ဘာလို့ ဒီလောက်ရဲတင်းရတာလဲ..? ရင်းဆုယဲ့ရဲ့ အရှိန်အဝါကို လျစ်လျူရှုပြီး ပြောချင်ရာပြောရဲတယ်။ တကယ့်ကို မပါးနပ်တဲ့လူပဲ..!

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now