၁၂+၁၃+၁၄(zawgyi)

1.4K 228 22
                                    


လျှောက်လမ်းကျဉ်းကျဉ်းလေးကနေတစ်ဆင့် ချီရှုကငါ့ကိုဆွဲခေါ်သွားပြီး လျှောက်လမ်းအဆုံးမှာရှိတဲ့အတွင်းအကျဆုံးအခန်းထဲကိုငါ့ကိုပစ်သွင်းလိုက်တယ်။

ကံကောင်းတာကအဲ့ဒီအခန်းထဲမှာသိုးမွှေးကော်ဇောအကြီးကြီးခင်းပေးထားလို့ပေပဲ။ မဟုတ်ရင် သူပစ်ထည့်လိုက်တဲ့အရှိန်နဲ့နာသွားမှာလေ။

"ကြည့်ရတာ မနေ့ညက ငါပေးတဲ့သင်ခန်းစာကိုမင်းကောင်းကောင်းနားမလည်သေးဘူးထင်တယ်။ သူများကိုလိုက်ကလူဖို့အားတွေကျန်နေသေးတယ်နဲ့တူတယ်''

ချီရှုက သူ့နက်ခ်တိုင်ကိုဆွဲချွတ်လိုက်ပြီးလွှင့်ပစ်လိုက်တယ်။ ပြီးတော့ ငါ့ခါးဘေးကိုကန်ထည့်လိုက်တယ်။

"မင်းတော်တော်လေး အရွယ်ရောက်လာတာပဲ။ ကျိုးချန်ကိုတောင်မြူဆွယ်ရဲလာပြီ။''

သူ့ကန်ချက်ကအရမ်းအားပြင်းလွန်းတာကြောင့် ငါနာလွန်းလို့ကွေးကွေးလေးနေလိုက်ရတယ်။ နည်းနည်းသာထပ်အားထည့်ရင် ငါ့နံရိုးတွေပါကျိုးလောက်မယ်။

"မဟုတ်...''
တရှိန်ထိုးထိုးတက်လာတဲ့နာကျင်မှုကြောင့်ငါစကားတောင်ဆုံးအောင်မပြောနိုင်ဘူး
"အဲ့ဒါ ခင်ဗျားထင်သလို...မဟုတ်...''

"မဟုတ်ဘူးလား''

ချီရှုကငါ့ပုခုံးပေါ်ခြေထောက်နဲ့ထိုးပြီးဆွဲလှန်လိုက်တယ်။ သူ ငါ့မျက်နှာမြင်ရအောင်လို့လေ။
"ငါ့ရှေ့မှာတောင် ကလူနေတဲ့အကြည့်တွေနဲ့အချင်းချင်းကြည့်နေတာ။ ဘာလဲ ငါကန်းနေပြီထင်နေတာလား''

စိတ်ပိုင်းဆိုင်ရာလား ရုပ်ပိုင်းဆိုင်ရာကလားတော့မသိပေမယ့်။ ငါ့နှလုံးသားတစ်ခုလုံးကိုဓားထက်ထက်တစ်ချောင်းနဲ့ထိုးလိုက် ဆွလိုက်အလုပ်ခံနေရသလိုပဲ။

ဘာလို့သူငါ့ကိုဘယ်တော့မှမယုံတာလဲ။

"ရှောင်ယွီ မင်းကဘာလို့ဒီလောက်အပေါစားဆန်ရတာလဲ''

သူဖိနပ်ကမာလွန်းလို့ ငါ့ညှပ်ရိုးတွေကျိုးမတတ်ပဲ။ ငါမအော်မိအောင်ကိုယ့်ဘာသာအံ​​ကြိတ်​ပြီးထိန်းထားလိုက်တယ်။

"မဟုတ်ဘူး...''

ငါရဲ့ချေပမှုတွေကအရာမရောက်ခဲ့ဘူး။ ချီရှုကငါ့ကိုပိုပြီးနားမခံသာတဲ့စကားတွေနဲ့အရှက်ခွဲလာတယ်။

Before My Withering[complete]Where stories live. Discover now