♡More Than Love🌸🍃

မနက်ခင်းအစက​နေ ညမိုးချုပ်သည်အထိ ​ယောင်းဆိုတဲ့ စကားတတ်လွန်းသည့်၀ံပု​လွေဖြူလေးနဲ့သာကုန်ဆုံးချင်သည်။ခု​တော့ ကြားချင်တဲ့ တီတီတာတာစကားသံလေးကိုမကြားရတာ 16ရက်ရှိ​နေပြီ.......

"​ယောင်းကွာ ပါး​ဖောင်း​ဖောင်း​လေး​တွေ​ပျောက်ကုန်ပြီကြည့်"

​နေ့တိုင်း​ရေချိုးသန့်စင်​ပေး​နေတာမို့ ​ယောင်းရဲ့မျက်နှာ​လေးကကြည်လင်​နေသည်။ပါး​လေးကို ​မွေးကြူလိုက်​တော့ စ​တော်ဘယ်ရီနံ့​လေးကသင်းလို့......

"​ယောင်းသိလား ​​ယောင်းခုလိုထမလာ​တော့ အမတ်​တွေရဲ့သမီး​တွေက​ပျော်ပြီး ကိုယ့်ဆီလာလာ​နေကြတယ်သိလား အဆိုး​လေးရဲ့"

နှာ​ခေါင်းလုံးလုံး​လေးကို ဆွဲကာ​ပြော​တော့လဲ တုပ်တုပ်မျှမလှုပ်.......

"ဟူးးးး ကိုယ်ကသူတို့ကိုအနားကိုအကပ်မခံတာ ကိုယ့်​ယောင်းကလွဲရင် ဘယ်သူ့ကိုမှအနားကပ်မခံနိုင်ဘူး ​ယောင်းရဲ့ကိုယ်သင်းနံ့​လေးကိုအကြိုက်ဆုံးဘဲ ဒီလူသားက​လေ ဒီဝံပု​လွေဖြူ​လေးမှ ဝံပု​လွေဖြူ​လေးဖြစ်​နေတာ သိရဲ့လား"

ဘုရင်ဂျွန်ပြုသမျှနု​နေရတဲ့ ထယ်​ယောင်း​လေး.....

"က​လေးပိစိ​လေး​တွေအများကြီး ​မွေး​ပေးမယ်ဆို ခုလိုအိပ်​နေရင် ဘယ်လိုလုပ်​မွေးမလဲလို့"

၀ံပု​လွေဖြူ​လေးကို ရင်ခွင်ထဲသွင်းပြီး ချွဲနွဲ့စွာ​ပြော​နေ​သော ဘုရင်ကို တစ်ခြားသူ​တွေသာမြင်လျှင် လူစားထိုးခံရသလားဟုထင်ကြမည်။



♡More Than Love🌸🍃

​ဂျောင်ဂု ယ​နေ့ည​နေပိုင်းတွင် ရုပ်ဖျက်ကာ နမ်ဂျွန်းနဲ့တူတူ အရပ်ထဲသို့ သွား​ရောက်​နေခြင်းပင်.....​ယောင်းကိုစိတ်မချ​သော်လဲ မဖြစ်မ​နေဒီကိစ္စကို​ဖြေရှင်းရမည်ဆို၍သာ......ကြားထားတဲ့သတင်းအရ သူကိုနန်းချရန် ဒါမှမဟုတ် ​ယောင်းကိုနန်းချရန် စု​ဝေးပြီး​ဆွေး​နွေး​နေကြမည်ဟုကြားသိပြီးထားခြင်းပင်.........

​ရောက်လာတဲ့​နေရာက ​ဆောင်ကြားမြိုင်......ဒီလို​နေရာ​တွေကို​ဂျောင်ဂုတစ်ခါ​လေး​တောင်​ခြေဦးမလှည့်ဘူး။
အထဲထဲကို၀င်သွားတာနဲ့ မိန်းမလှ​လေး​တွေက သူတို့အနားချဥ်းကပ်ကာ ကပ်ပါး​ကောင်​တွေလိုကပ်တွယ်​နေကြသည်။

More  Than  Love::TK::{Completed}Where stories live. Discover now