*56* ဆန္ဒမရှိဘဲတပည့်တွေလက်ခံလိုက်ရတယ်

Start from the beginning
                                    

"ဆရာသခင်ယွမ်ရိ အရင်ရက်ကပြောတဲ့သူက ခင်ဗျားလား"
ရုန်ယိ ကူကယ်ရာမဲ့စွာနဲ့မေးလိုက်သည်။

ဆရာသခင်ယွမ်ရိက သူ့ဆီလူတစ်ယောက်ကိုပို့ဖို့အတွက်တော်တော်လေးကို တက်ကြွနေတာဘဲ..ဒါပေမယ့် တစ်ကယ်တမ်း သူမှသဘောမတူရသေးတဲဟာ..။

"ဟုတ်ပါတယ်"
ပုချီကပြန်ဖြေလာသည်။

"ခင်ဗျားကဘာလို့ ကျွန်တော့်အခန်းထဲရောက်နေရတာလဲ..ပြီးတော့ ကျွန်တော့်အိပ်ယာအပေါ်မှာပေါ်လာပြီး လန့်အောင်လုပ်လိုက်သေးတယ်...ကျွန်တော် သေလောက်အောင် ထိတ်လန့်သွားရတာ ခင်ဗျားသိရဲ့လား.."
ရုန်ယိ မျက်ဆံလှန်လိုက်မိသည်။

မနက်စောစောစီးစီးမှာ မျက်လုံးဖွင့်လိုက်တာနဲ့ မျက်နှာဖုံးတပ်ထားတဲ့မျက်နှာကြီးကိုမြင်လိုက်ရတဲ့အလာ ဘယ်သူမဆိုထိတ်လန့်သွားမှာဘဲ ဖြစ်၏။

"ဆရာ..ဒီမနက်ဘဲ ဆရာပြန်ရောက်နေပြီလို့ ကျွန်တော်ကြားလိုက်ရတယ်..ဆရာ့ကိုတွေ့ဖို့အရမ်းဆန္ဒစောနေမိလို့ ဆရာ့ရဲ့ခွင့်ပြုချက်မတောင်းဘဲ အခန်းထဲဝင်လာလိုက်တာပါ..ပြီးတော့ ဆရာ့မျက်နှာကိုရှင်းရှင်းလင်းလင်းတွေ့ရအောင်လို့ အိပ်ယာပေါ်ကနေပျံပြီး ကြည့်နေတာပါ"

"ခင်ဗျားကို တပည့်အဖြစ်လက်ခံမယ်လို့ ကျွန်တော် သဘောမတူရသေးဘူး. ကျွန်တောျ့ကို ဆရာ ဆရာ နဲ့ခေါ်မနေနဲ့"
ရုန်ယိ နှုတ်ခမ်းတွေ တွန့်သွားရသည်။

"ဆရာ့ကို နှုတ်ဆက်ပါတယ်"
ပုချီ ရုန်ယိကို သုံးကြိမ်ဂါဝရပြုလိုက်သည်။

"ခဏလေး... ကျွန်တော်သဘောမတူရသေးဘူးလေ"
ရုန်ယိ သူ့ကိုတားဖို့လုပ်လိုက်သည်။

ပုချီကတော့ ရုန်ယိပြောတာကိုမကြားသလိုလုပ်ပြီး မတ်တပ်ထရပ်လိုက်သည်။
"ဆရာ ကျွန်တော်ဆရာမျက်နှာသစ်ဖို့ရေသွားယူလိုက်ဦးမယ်"

"ပြန်လာစမ်း!!"
ရုန်ယိ သူ့ကိုအော်ပြောလိုက်ပေမဲ့ သူကလျှင်မြန်စွာဘဲထွက်သွားပြီဖြစ်လေသည်။
"သူငါ့ကိုဆရာအဖြစ်သတ်မှတ်ထားရင်လည်း ငါပြောတာကိုနားထောင်ရမှာမဟုတ်ဘူးလား..ဘာလို့နားမထောင်ရတာလဲ...ဒီလိုဆိုမှတော့ ငါ့မှာဘာလို့ဒီလိုတပည့်တစ်ယောက်ရှိသွားရတာလဲ.."

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now