ဒါကနာလို့မဟုတ်ဘူး ထိုနေရာကြောင့်ဖြစ်လာတာပင်…

သူ့ခေါင်းကိုမလှည့်ကြည့်ဘဲနဲ့တောင် ရှန်ရိကျင်းက အခုကိုယ်ကိုကိုင်းကာ အဲ့နေရာကိုသေချာဂရုတစိုက် စိုက်ကြည့်နေလောက်မှန်း သူသိသည်။

ဒါကိုတွေးလိုက်မိတော့ ကျင်ရွှင်ကမနေနိုင်ဘဲတုန်ယင်သွားကာ လုံးဝစိတ်အေးလက်အေးမရှိတော့ပေ။

ဒါပေမယ့် ရှန်ရိကျင်းက သူနာနေတယ်လို့ထင်သွားကာ လှုပ်ရှားမှုတွေက ရုတ်ခြည်းအများကြီးငြင်သာသွားသည်။

ကျင်ရွှင်က သူ့မျက်လုံးကိုလည်းမမြင်နိုင်သလို အမူအရာကိုလည်းမတွေ့နိုင်ပေ။ သူသိတဲ့တစ်ခုတည်းသောအရာကတော့ အေးမြတဲ့လိမ်းဆေးက ဒဏ်ရာရထားတဲ့နေရာကို လိမ်းနေပြီး ရှန်ရိကျင်းရဲ့အသံကလည်း အများကြီးပိုလို့ပေါ့ပါးလာသည် : “နာရင်ပြောနော် ဟုတ်ပြီလား?”

“…” ကျင်ရွှင် : “အမ်း”

သူကနာကျင်မှုကို အကြိမ်များစွာသည်းခံနိုင်သည် ဘာလို့လဲဆိုတော့အော်တာက အသုံးမဝင်ဘူးလေ။

ဒါပေမယ့် အခုကနာမှမနာတော့တာ။

တကယ်ကိုမနာတာ

နည်းနည်းလေးယားတာပဲရှိတာ။

ရှန်ရိကျင်းထိကိုင်နေတဲ့နေရာက အနည်းငယ်ယားနေပြီး တရွရွဖြစ်နေတဲ့အထိအတွေ့နဲ့အတူ ဒဏ်ရာနဲ့သက်ရောက်ခံရတဲ့နေရာတစ်ဝိုက်ကို ရှင်းပြလို့မရနိုင်စွာပျံ့နှံ့လာသည်။

ကျင်ရွှင်က ခေါင်းကိုမလှည့်နိုင်တာမို့ တစ်ဖက်လူဘာလုပ်နေလည်း သူမမြင်နိုင်ပေ။ တစ်ဖက်လူက ဆေးကိုအရမ်းကိုစေ့စေ့စပ်စပ်လိမ်းပေးနေတာကိုပဲ သူခံစားနိုင်သည်။ ဒီဆေးလိမ်းနေတာ အရမ်းကြာနေပြီလေ

တစ်ခဏကြာပြီးနောက် ရှန်ရိကျင်းကပြီးသွားကာ မတ်တပ်ရပ်လိုက်သည်။

နောက်ဆုံးတော့ ကျင်ရွှင်လည်းစိတ်သက်သာရာရသွားသည်။ နောက်ဆုံးတော့ပြီးသွားပြီဟုသူတွေးလိုက်မိသည် တကယ်လို့သာမပြီးသေးဘူးဆိုရင် သူအမှန်ကိုချွေးပြန်လာလိမ့်မယ်…ပူလောင်နေတဲ့ချွေးမျိုးလေ

သို့ရာတွင် သူထပြီး ဘောင်းဘီကိုပြန်မဝတ်ရသေးပေ။

…ရှန်ရိကျင်းကြည့်ရတာလည်း သူ့အဝတ်တွေကို သပ်ရပ်အောင်ပြန်လုပ်ပေးမယ့်ပုံမရှိပေ။

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now