ကြွေပြားပေါ်မှ ရေတွေကို ပြောင်စင်အောင်သုတ်နေရင်း

" ကျွန်တော့်ကို ဒါလေးတော့ လုပ်ခွင့်ပေးပါ မမရယ် သူများအိမ်မှာ အလကားနေရတာ အားနာလို့ပါ ဒီလောက်တော့ လုပ်ခွင့်ပေးပါနော် "

မမဘာမှဆက်မပြောခင် အခန်းပြင်ထွက်သွားပြီး ကျွန်တော့်လက်တွေကို သန့်ရှင်းနေအောင် ဆေးလိုက်သည်။ ပြီးတော့ မမအတွက် ကော်ဖီခါးခါးလေးထဲကိုမှ သံပရာစိတ်လေးတစ်စိတ် ညှစ်ထည့်ပေးလိုက်သည်။

........................................................

ကျွန်မဘက်က မောင်တစ်ယောက်လို ချစ်ပေမယ့် သူ့ဘက်က အမတစ်ယောက်ထက် ပိုနေသည်မှာ သိသာလွန်းလှသည်။ ပြောစကားနားထောင်ပြီး အလိုက်သိတတ်လွန်းသူမို့ သံယောဇဉ်ကလည်း ခဏလေးအတွင်း တွယ်ရစ်လာပါသည်။

" မမသောက်ဖို့ ကော်ဖီ
ဘယ်လိုနေလဲ အဆင်ပြေရဲ့လား "

" ပြေပါတယ် ခေါင်းတော့ နည်းနည်းအုံနေတယ် "

" ရေသွားချိုးလိုက်ပါလား ပြီးရင် တံတားပေါ် ခဏလောက် လမ်းလျှောက်ရအောင် "

" ပြောစရာရှိလို့လား ဒိတ် "

" မရှိပါဘူး ဒီတိုင်း မမတစ်နေကုန်အားတဲ့နေ့မို့လို့လေ "

" ညနေလောက်မှ သွားကြမယ်လေ ဒီမနက်ပိုင်း အိမ်သန့်ရှင်းရေးလုပ်မလို့ "

" သြော် ဟုတ်ကဲ့မမ "

ကော်ဖီသောက်ပြီး မမလည်း ရေချိုးခန်းသို့ ဝင်သွားတာမို့ ကျွန်တော်လည်း ကိုယ့်အခန်းကိုယ်ပြန်လာခဲ့သည်။

အခန်းထဲရောက်မှ ပြန်တွေးမိသည်။ ညစ်တီးညစ်ပတ်နဲ့ ကော်ဖီသောက် ပြီးမှ ရေချိုး၊ အခုရေချိုးပြီးမှ အိမ်သန့်ရှင်းရေး လုပ်မယ်တဲ့။ တကယ့်ရူးကြောင်ကြောင်နဲ့ ချစ်စရာ မမ။

ကျွန်တော် အခန်းပြင်ပြန်ထွက်တော့ မမကသူ့အခန်းထဲ အဝတ်အစားလဲနေပြီ။ နောက်ဆယ်မိနစ်လောက်နေတော့ ဖရိုဖရဲဝတ်စုံလေးနဲ့ ထွက်လာပုံလေးကလည်း ချစ်စရာကောင်းနေသည်။

ကျွန်တော်တို့က လူတစ်ယောက်ကို
တစ်ကယ်ချစ်မိသွားတဲ့အခါ
သူတို့ရဲ့ ဝက်ခြံလေးတွေ
သူတို့ရဲ့ မှဲ့ခြောက်လေးတွေကအစ
ချစ်သွားတတ်တာ မဟုတ်လား။
အခုလည်း မမရဲ့ ဖရိုဖရဲပုံစံလေးကို
ကျွန်တော် ချစ်ပါသည်။

မမ ( Complete )Where stories live. Discover now