"မောင့်အနမ်းတွေကချိုလိုက်တာ"
နှင်းကဒီလိုပြောတော့ မောင်ကရီသည်။
"ပြီးတော့ မောင့်အပြုံးတွေကပိုချိုတယ်"
ဒီလိုထပ်ပြောတော့ မောင်က နှင်းရဲ့ခေါင်းကို အသာအယာ ပွတ်သပ်ပေးတယ်။
"ပြီးတော့ မောင့်ရဲ့ ဟော့ဒီ့နှုတ်ခမ်းလေး"
မောင့်ရဲ့ နှုတ်ခမ်းသားနုနုကို လက်ချောင်းလေးများဖြင့်အသာထိကိုင်တော့ မောင်ကနှင်း လက်ကို ပြန်လည်ဆုပ်ကိုင်လာရင်း
"နှင်းကြိုက်လား"
နှင်းချက်ချင်းပင်ခေါင်းငြိမ့်ပြမိသည်။
"အင်းငါကြိုက်တယ် မောင့်ရဲ့အရာရာတိုင်းကို ငါချစ်တယ်"
မောင်ကနှုတ်ခမ်းသားထူထူတွေနှင့် နှင်းရဲ့နှုတ်ခမ်းများကိုဖိကပ်နမ်းရှိုက်ကာ
"ဒါဆို နှင်းအပိုင်ယူလိုက် မောင်ကနှင်းအပိုင်"
မောင်ကထိုသို့သိပ်ချစ်ဖို့ကောင်းပါသည်နှင်းမောင့်ဆီကရုန်းထွက်မရအောင် စကားလှလှလေးတွေနဲ့ချည်နှောင်တတ်သည်။
အညိုရောင်သန်းချင်သော မျက်ဝန်းများနှင့် စွဲဆောင်သည်။ စီးကရက်ကြောင့် အနည်းငယ်ညိုချင်နေသော နှုတ်ခမ်းသားထူထူတို့နှင့် တုတ်နှောင်သည် နှာတံဆင်းဆင်းတို့နှင့် နှင်းရဲ့စိတ်ကို အပိုင်သိမ်းယူတတ်သည်။
နှင်းကမောင့်ကိုချစ်သလို မောင်ကလဲနှင်းကိုသိပ်ချစ်သည်။ သို့သော် အခိုက်အတန့်တစ်ခုတွင်တော့ မောင့်ရဲ့နှင်းအပေါ်ထားတဲ့အချစ်တွေကပျက်ယွင်းကုန်ရသည် ။
နှင်းကမောင့်ထက်အသက်ငါးနှစ်ကြီးသည်။
နှင်းအသက် 30 ေမာင့် အသက် 25 နှစ်မှာ နှင်းနှင့်မောင် ဘဝသစ်တစ်ခုစတင်ရန် ေရွှလက်မြဲမြဲ တွဲခဲ့ကြသည်။
နှင်းတို့အိမ်ထောင်သက်နှစ်နှစ်ပြည့်၌မောင်နှင့်တူသော သမီးငယ်လေးကို မွေးဖွားနိုင်ခဲ့သည် ။ သို့သော်နှင်းမှာ ယခင်အတိုင်းအလှမပျက်ခဲ့ ..
သို့သော် သမီးလေးအသက်သုံးနှစ်
အိမ်ထောင်သက်ငါးနှစ်ပြည့်လောက်သော အချိနိတွင်တော့ အိမ်မှုကိစ္စများက တစ်ကြောင်း သမီးလေးနှင့် ဝေယျာဝေစ္စများကတစ်ကြောင်းကြောင့် နှင်းမှာ နဂိုရှိတဲ့ အသက်အရွယ်ထက်ရုပ်ပိုရင့်သွားရသည် ။
အဝတ်အစားကိုလည်း အရင်လို သိပ်ဂျေးမများတော့ပေ ယခုဆိုနှင်းပုံစံမှာ အဖွားကြီးအိုပေါက်စလိုပင်ဖြစ်နေရတော့သည်။
YOU ARE READING
one short collection