"ကိုယ်တို့ Toilet ကို အရင်သွားကြရအောင်လား"

ပြောပြီးတာနဲ့ သီဟနိုင်ကို ကျွန်တော် ဆွဲခေါ်ခဲ့လိုက်တယ်။

"အကိုသူရစိုး အိမ်သာထဲမှာတော့ ကျွန်တော် မလုပ်ဘူးနော်"

"မလုပ်ပါဘူး ကလေးလေးရဲ့... ကိုယ်က နမ်းရုံတင်ပါ။ ကိုယ်မအားလို့ ကလေးလေးကို နမ်းပြီးတာနဲ့ ကိုယ်ပြန်မယ်"

"ပြီးရော"

Toilet ထဲရောက်တော့ လွတ်နေတဲ့ အခန်းတစ်ခန်းထဲကို အမြန်ဝင်လိုက်ပြီး ကလေးလေးကို အငမ်းမရ နမ်းဖြစ်တယ်။ သီဟနိုင်ကလည်း ကျွန်တော့်ကို ပြန်နမ်းတာကြောင့် ကျွန်တော်ပျော်တယ်။

"ခွဲပြီးမနေချင်တော့ဘူးကွာ"

ပြောပြီး သူ့ကို တင်းတင်းဖက်ထားမိတယ်။ သူကလည်း ကျွန်တော့်ကို ပြန်ဖက်လေတယ်။

"ချစ်တယ် ကလေးလေး"

ပြောပြီး ကျွန်တော် သူ့ကို ထပ်နမ်းလိုက်တယ်။ သီဟနှုတ်ခမ်းတွေက ဘယ်လောက်နမ်းနမ်း နမ်းလို့မဝတာမို့ ကျွန်တော် သူ့ကို ထပ်ခါထပ်ခါနမ်းတယ်။ မိနစ်နှစ်ဆယ်လောက်အကြာမှာတော့ သူ ကျွန်တော့်ကို တွန်းတယ်။

"ကျွန်တော် သွားတော့မယ်။ ခင်ဗျားလည်း ပြန်တော့"

"အင်းကလေးလေး။ ကျန်းမာရေး ဂရုစိုက်နော်"

"ဟုတ်"

ကျွန်တော်ပြန်တော့ ကျောင်းပေါက်ဝထိ ကျွန်တော့်ကို လိုက်ပို့တယ်။ နောက်တစ်ခါ အလုပ်မအားရင် သူ့ဆီ မလာခဲ့ဖို့ ကျွန်တော့်ကို အထပ်ထပ်မှာတယ်။

ကျွန်တော်ကလည်း ကျွန်တော်ပါပဲ။ ဒီလောက် အလုပ်တွေရှုပ်နေတာကို စစ်ကိုင်းထိ မရောက်ရောက်အောင် လာခဲ့သေးတယ်။

သြော်... အချစ်... အချစ်... အံ့သြစရာ ကောင်းလှပေ၏။

----------***----------

ဒီနေ့ ကျွန်တော် စောစောထပြီး မနေ့က စစ်ကိုင်းက အပြန်မှာ ဝင်ဝယ်လာတဲ့ စပျစ်သီးတွေကို အခွံခွာတယ်။ ပြီးတော့ ခဲခန်းထဲထည့်ပြီး အလုံးလိုက် ခဲထားလိုက်တယ်။ နောက် ခြံထဲဆင်းပြီး မှည့်နေတဲ့ စတော်ဘယ်ရီသီးတွေကို ထပ်ခူးတယ်။ ပြီးတော့ ရေးစင်စင်ဆေးပြီး သူ့ကိုလည်း ခဲခန်းထဲ ထည့်ထားလိုက်တယ်။ အဲ့ဒါတွေတင်မကသေးဘူး။ နဂါးမောက်သီး အနီ၊အဖြူနဲ့ ပန်းသီးကိုပါ အခွံခွာပြီး အစိတ်ကလေးတွေ စိတ်တယ်။ ခဲခန်းထဲကို ထပ်ပြီးထည့်တယ်။

အသီးတွေ အားလုံးခဲသွားတာနဲ့ ရေခဲပုံးတစ်ပုံးကို ယူပြီး ရေခဲတုံးတွေ ထည့်တယ်။ ပြီးတော့ ခဲနေပြီဖြစ်တဲ့ အသီးတွေကို အဲ့ပုံးထဲထည့်တယ်။

အားလုံးပြီးတော့ လူတစ်ယောက်ငှားပြီး သီဟနိုင်ဆီ ပို့ခိုင်းလိုက်တယ်။ ဒီနေ့ ကြာသပတေးနေ့ဖြစ်တာမို့ ကျောင်းကိုပဲ တစ်ခါတည်း သွားပို့ခိုင်းလိုက်တယ်။

သူ စားချင်တယ်လို့ ပြောထားတာမို့ ကျွန်တော်ပို့လိုက်တာသိရင် ပျော်နေမှာ သေချာတယ်။ သူပျော်နေမယ့် ပုံစံလေးကို မျက်လုံးထဲမှာ မြင်ယောင်းကြည့်ရင်း ကျွန်တော်လည်းပျော်မိတယ်။

အချစ်ဆိုတာမျိုးက ဆန်းတော့လည်း အလွန်ဆန်းကြယ်သား။ ကျွန်တော် သီဟနိုင်ကို ဇနီးမယားတစ်ယောက်လိုမျိုး ချစ်တယ်။ သူ့ကိုမြင်တိုင်း အိပ်ရာထဲ ဆွဲခေါ်ပြီး အကြမ်းပတမ်း လုပ်ချင်မိတယ်။

ဒါပေမယ့် ကျွန်တော် သီဟနိုင်ကို သားလေးတစ်ယောက်လိုလည်း ချစ်ပြန်တယ်။ ပြုစုချင်တယ်။ တိုးတက်အောင်လုပ်ပေးချင်တယ်။ ပြီးတော့ သူ့ကို ပျော်စေချင်တယ်။

တစ်ခါတလေကျတော့လည်း ကျွန်တော့်ညီငယ်လေးတစ်ယောက်လို အလိုလိုက်ချင်မိပြန်တယ်။

သေချာတာကတော့ ကျွန်တော် သီဟနိုင်ကို ချစ်တယ်။ အရမ်းအရမ်း ချစ်မိတယ်။ သူ့ဆီကနေ ကိုကိုလို့ ကြားလိုက်ရတိုင်း အရည်ပျော်ရသလို အကိုသူရစိုးဆိုပြီး နားမည်အပြည့်အစုံ ခေါ်လိုက်တဲ့အခါတိုင်းလည်း ရင်ခုန်ရတယ်။

2.12.2021

သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ် (Completed)Where stories live. Discover now