တစ်ချိန်တည်းမှာပဲ သူ့ရဲ့ နှလုံးသားထဲမှာ ‘ဟမ့်… ဟမ့်..’ဆိုပြီး ဂုဏ်ယူဝင့်ကြွားနေမိတယ်။ ဟော်ရူယန်ဆိုတဲ့ မိန်းမကများ သူ့ကို ရန်စရဲတယ်။ ပြီးတော့ ရင်းဆုယဲ့ကိုလည်း မျှော်မှန်းနေသေးတယ်။ သူက ဘာလို့ မတုံ့ပြန်နိုင်ရမှာလဲ..?

“အင်း..”

ရင်းဆုယဲ့က သူ့ရဲ့ပခုံးကို နှိမ့်ပြီး ကောင်လေးနေရတာ ပိုပြီးအဆင်ပြေအောင် လုပ်ပေးလိုက်တယ်။

“ဒါပေမဲ့ ကျွန်တော်တို့ရှေ့က ဒီမိန်းမဆိုးကြီးကလည်း ကိုကို့ကို ‘ကိုကိုဆုယဲ့’လို့ ခေါ်နေတယ်.. သူ့ခေါ်သံကြောင့် ကျွန်တော်က ကိုကိုဆုယဲ့ရဲ့နှလုံးသားထဲမှာ အရေးကြီးဆုံးဖြစ်တည်မှု မဟုတ်ဘူးလို့ ခံစားနေရတယ်.. ကျွန်တော်အရမ်းစိတ်ဆိုးတာပဲ..!”

ပြောပြီးတာနဲ့ ရွှယ်ယို့ရှန်းက စိတ်ဆိုးနေသလိုမျိုး နှုတ်ခမ်းထော်ပစ်လိုက်လေရဲ့။

“မင်းဘယ်လိုလုပ်ချင်လဲ..?”

ရင်းဆုယဲ့ရဲ့ နှုတ်ခမ်းတွေက အနည်းငယ် တွန့်ကွေးသွားခဲ့တယ်။ သူသိတာပေါ့.. ဒီကောင်လေးက ကစားချင်နေတာပဲ..!

“ကျွန်တော် နာမည်တစ်ခု လိုချင်တယ်.. ကျွန်တော်ကလွဲရင် တခြားလူခေါ်ခွင့်မရှိတဲ့ တစ်ခုတည်းသောနာမည်မျိုး..”

ဒီအခွင့်အရေးကို အခွင့်ကောင်းယူပြီး သူ့အတွက် အကျိုးအမြတ်ယူရမယ်။ ဒီအကြံမဆိုးဘူး။ ရင်းဆုယဲ့ကို နာမည်အရင်းအတိုင်း ခေါ်လည်းရပေမယ့် အခုအချိန်က ပိုကောင်းတဲ့ နာမည်ပြောင်တစ်ခု ခေါ်ခွင့်နိုင်မယ့် အခွင့်အရေးပဲ။ အဲ့လိုသာဆို သူ့ရဲ့ပုံရိပ် ပျက်စီးသွားရတာလည်း တန်သွားပြီ..!

“ကိုယ့်ကို ဘယ်လိုခေါ်ချင်လို့လဲ..?”

ဒီလိုအသေးအဖွဲ့ကိစ္စလေးတွေကို ရင်းဆုယဲ့က သိပ်ပြီး ဂရုမစိုက်တတ်ဘူး။ ဒါပေမဲ့ ရွှယ်ယို့ရှန်းက သူ့ရဲ့ နာမည်အပြည့်အစုံကို စည်းကမ်းမရှိ ခေါ်နေတာကိုလည်း ခွင့်ပြုထားလို့မရဘူး။

“ကျွန်တော်စဉ်းစားမိတဲ့အတိုင်းခေါ်မှာကို သဘောတူရဲ့လား.. စိတ်မဆိုးဘူးမလား..?"

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Where stories live. Discover now