သူ့အသံက တကယ်ကြီး နားထောင်ကောင်းတယ်ဟ..!

ဒီလောက်နားထောင်ကောင်းမယ်လို့ မထင်ထားခဲ့ဘူး..!

“အင်း..?”

ကောင်လေးရဲ့အသံက နားထောင်ကောင်းတယ်ဆိုတာ အစကတည်းက သိထားခဲ့ပေမယ့် ဒီလောက်နားထောင်ကောင်းလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ ‘ကိုကိုဆုယဲ့’ လို့ခေါ်လိုက်တဲ့ ကောင်လေးရဲ့ အသံချိုချိုလေးက သူ့ရဲ့ နှလုံးသားကို ငှက်တောင်မွေးနဲ့ ပွတ်သပ်လိုက်သလိုပဲ။ အတော်လေး အူယားစရာကောင်းပြီး လူကို ထုံထိုင်းသွားစေတယ်။ အရမ်းချိုသာနူးညံ့လွန်းတယ်။

တစ်ခဏလောက် အသိစိတ်လွတ်သွားသလို ခံစားလိုက်ရတယ်။ အသံပိုင်ရှင်လေးကို ကမ္ဘာကြီးရဲ့ အကောင်းဆုံးဆိုတဲ့ အရာတွေ လက်ဆောင်ပေးပြီး တစ်သက်လုံး သိမ်းထားချင်မိတော့တယ်။

“ကျွန်တော် ပင်ပန်းနေပြီ.. မတ်တပ်မရပ်နိုင်တော့ဘူး..!”

ရွှယ်ယို့ရှန်းတစ်ယောက် ပြောရင်းဆိုရင်း ရင်းဆုယဲ့ဆီကို လက်ဆန့်ထုတ်လိုက်တယ်။ သူ့သဘောက သူ့ကို ချီပါပေါ့။ လိုအပ်လာရင် ‘ချစ်စရာကောင်းတဲ့ မျက်နှာလေးသုံးပြီး ချွဲနွဲ့တာမျိုး’လည်း လုပ်ရမှာပဲ။

ဘာပဲပြောပြော သူ့မျက်နှာလေးက အရမ်းချစ်စရာကောင်းတယ်လေ။

တစ်ဖက်မှာလည်း အဲ့အကြောင်း ပြန်တွေးမိတော့ သူ့ခမျာ မျက်ရည်ဝဲသွားရတယ်။ ဒီအချိန်မှာ တစ်စုံတစ်ရာကတော့ လုံးဝဥဿုံ ပျက်စီးသွားခဲ့ပြီ။ အဲ့တစ်စုံတစ်ရာဆိုတာ ကျိန်းသေပေါက် သူ့ရဲ့ ဂုဏ်သိက္ခာပါပဲ။

“အင်း..”

ရင်းဆုယဲ့ရဲ့ မျက်ဝန်းတွေထဲမှာ အပြုံးရိပ်တချို့ ဖြတ်ပြေးသွားခဲ့တယ်။ ဒီကောင်လေး သူ့အနားကို အရင်ကပ်လာတာ ဒါ ပထမဦးဆုံးအကြိမ်ပဲ။ ရင်းဆုယဲ့လည်း ခါးကိုင်းလိုက်ပြီး ကောင်လေးကို ပွေ့ချီလိုက်တယ်။ ရွှယ်ယို့ရှန်း သရုပ်ဆောင်နေမှန်း သူသိပေမယ့် ဒီလိုမျိုး သူ့ကို အားကိုးနေတာ တွေ့လိုက်ရတော့ ရင်းဆုယဲ့တစ်ယောက် ကျေနပ်အားရနေတော့တယ်။

“ကိုကိုဆုယဲ့က ကျွန်တော့်အပေါ် အရမ်းကောင်းတာပဲ..!”

ရင်းဆုယဲ့က သူနဲ့အတူ ပူးပေါင်းပေးနေတော့ ရွှယ်ယို့ရှန်းလည်း အတောက်ပဆုံး ပြုံးလိုက်ပြီး ရင်းဆုယဲ့ရဲ့ လည်ပင်းကို လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်တယ်။ ထို့နောက် မကောင်းတဲ့အကြံတွေ ပြည့်နှက်နေတဲ့ ရန်စနေသလို အကြည့်မျိုးနဲ့ ဟော်ရူယန်ကို လှည့်ကြည့်လိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Όπου ζουν οι ιστορίες. Ανακάλυψε τώρα