Part (47) ( ခြိမ်းခြောက်စာများ ဝင်ရောက်ခြင်း )

Start bij het begin
                                    

ဟေမာန်ထပ်မေးချင်ပေမယ့် ဒယ်ဒီက ရည်ရွယ်ချက်ရှိရှိစကားလမ်းကြောင်းလွှဲလိုက်တာကြောင့် ခေါင်းငြိမ့်ကာ အိတ်ဆွဲလျှက် BMWကားလေးကို ကျင်လည်စွာမောင်းရင်း ခြံထဲမှထွက်လာလိုက်သည်။ သမီးဖြစ်သူထွက်သွားမှ ဦးရာဇာစိုးလည်း နားထင်ကိုဖိကိုင်လို့ ဆိုဖာပေါ်ထိုင်ချလိုက်သည်။ လွန်ခဲ့တဲ့လတွေမှာတည်းက ကောင်းကောင်းအနားမယူရသေးပေ။ စီမံကိန်းကလည်း အထမြောက်ဖို့နှစ်တွေလိုသေးသည်။ မြေအောက်တစ်နေရာမှာ နေရာတစ်ခုရရှိထားပြီးဖြစ်သော်လည်း နောက်ကလိုက်ဖမ်းခံနေရတဲ့အခြေအနေဖြစ်သည်။ စီမံနေသူက ရုပ်လုံးထွက်မပြ၍သာတော်တော့၏။ လွန်ခဲ့တဲ့ရက်တွေက Cနိုင်ငံ၏ စီးပွားရေးလုပ်ငန်းရှင်များ ဖိတ်ကြားလွှာသည် သူတို့ဆီကိုတော့မရောက်လာခဲ့ပါပေ။

Rubyနှင့်အကျိုးတူပူးပေါင်းထားသော်လည်း အထောက်အကူမဖြစ်။ Rubyက သူတို့နှင့်စာချုပ်ဖျက်သိမ်းလည်း ဖြစ်သည်ဟူသော အနေအထားဖြစ်၍ ဦးရာဇာစိုးအနေနဲ့ ဆင်ခြင်ရသည်။ အခု ဦးရာဇာစိုးရဲ့ companyက အကြပ်အတည်းအနည်းငယ်ရှိနေသည်။ မျက်လုံးများစွာက ပြိုလဲကျသွားမှာကို တိတ်တဆိတ်စောင့်ကြည့်နေသလိုမျိုး အန္တာရာယ်အငွေ့အသက်ကို ခံစားမိတာကို ဘယ်လိုလုပ်ပြီး အေးဆေးနေနိုင်မှာတဲ့လဲ။ မြေအောက်မှာလည်း တစ်ခြားဂိုဏ်းတွေက သူတို့ကိုပြစ်မှတ်ထားနေကြတာကြောင့် သရုပ်မှန်မပေါ်ရန် တိမ်းရှောင်နေရသည်။ အင်း တစ်ခုခုတော့ ကြိုတင်ပြင်ဆင်ထားမှဖြစ်တော့မယ်။

<<<<<<
>>>>>>

" Boss ဝေယံပြန်ရောက်ပါပြီ "

" ရုံးခန်းထဲလွှတ်လိုက် "

" ဟုတ်ကဲ့ "

" Boss "

ရုံးခန်းထဲကိုဝင်လာသည့်အတွင်းရေးမှူးဖြစ်သူက အသားတွေတောင်မဲလာလိုက်သေးသည်။ နေပြည်တော်လွှတ်တာ ဒီလောက်တောင်အခြေအနေဆိုးသွားရသလား။ နေပြည်တော်ရုံးချုပ်မှာလည်း လေအေးပေးစက်ရှိတာသေချာပါသည်။ ခိုင်းလိုက်တဲ့အလုပ်ကလည်း စာရင်းစစ်ပေးဖို့။ သူနေပူထဲထွက်ရတာမျိုးလည်း မခိုင်းလိုက်ပဲနဲ့လေ။

" မင်းဘယ်လိုဖြစ်လာတာလဲ "

" ဘာကို အာ Boss နေပြည်တော်ရုံးချုပ်နဲ့ စားသောက်ဆိုင်ကို ကူးသန်းသွားလာရတာလေBossရယ် ၊ နေပြည်တော်က နေရာသာကျယ်တာ တစ်နေရာနဲ့တစ်နေရာ လှမ်းတယ်ဗျ "

ASTILLBE (Completed)Waar verhalen tot leven komen. Ontdek het nu