ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (18)

Start from the beginning
                                    

လက်လွှတ်အရှုံးပေးဖို့ အချိန်တန်နေပြီပဲ......

[444: Hostတာ့တာ့ ဘာတွေလျှောက်နေတာလဲ??? ရမှတ် တစ်မှတ် လိုနေသေးတယ်လေ...ဘယ်လိုဖြစ်လို့ မောင်းထုတ်လိုက်တာလဲ???]

System ဖြစ်တဲ့သူတောင် ကျိုးရိကျယ်ကို သနားလာပြီ.....မာနကြီးလှပါတယ်ဆိုတဲ့ ကျိုးရိကျယ် .....နာခံတတ်လွန်းတဲ့ ကျိုးရိကျယ်.....အကြိမ်ကြိမ်မောင်းထုတ်ခံနေရတာပဲ......

[ရှဲ့ဟယ်: အဲ့တစ်မှတ် ကို ဘယ်လိုရအောင်လုပ်ရမလဲဆိုတာ ငါအစောကြီးကတည်းက သိပြီးသား]

[444: ဒါဆို ဘာလို့ တိုက်ရိုက် မယူလိုက်တာလဲ??]

[ရှဲ့ဟယ်: အချိန်မတန်သေးဘူး.....အခုချိန်က အဲ့အမှတ်ကို ရအောင် လုပ်ရမယ့်အချိန်မဟုတ်ဘူး.....]

[444: ဘယ်တော့များမှ အချိန်တန်မှာလဲ??( ̄△ ̄;)]

[ရှဲ့ဟယ်: စဉ်းစားကြည့်လိုက်စမ်း....စုန်ယုရီသာ ငါ့ကိုတစ်ခုခုလုပ်ချင်ရင် ဘယ်အချိန်က အချိန်ကောင်းဖြစ်မယ်ထင်လဲ?]

[444: သေချာပေါက် Hostတာ့တာ့ တစ်ယောက်တည်းဖြစ်နေတဲ့အချိန်ပေါ့]

[ရှဲ့ဟယ်: မှန်လိုက်တာ....အခုချိန်က အချိန်ကောင်းပဲလေ.....အရင်တုန်းက ကျိုးရိအန် ငါ့အနားမှာ ကော်လိုကပ်နေတယ်၊ညတိုင်းလဲ ငါနဲ့အတူရှိနေတယ်ဆိုတော့ စုန်ယုရီဘက်က ဘာမှလုပ်လို့မရခဲ့ဘူး.....ကျိုးရိကျယ်ကလဲ တစ်ချိန်လုံးစောင့်ကြည့်နေသေးတယ်လေ...အခု သူတို့နှစ်ယောက်လုံးမတော့ဘူးဆိုတော့ စုန်ယုရီအတွက် ရွှေရောင်အခွင့်ရေးကြီးရသွားပြီပေါ့.....]

[ရှဲ့ဟယ်: အကယ်၍ ကျိုးရိကျယ် လိုက်မလာဘူးဆိုရင် ငါ့ကို ချက်ချင်းနှိုးဖို့မမေနဲ့....ကြားလား]

[444: +_+]

ပြောပုံကိုက အမြီးအမောက်မတည့်ဘူး....တကယ် လက်လန်တယ်....Hostတာ့တာ့က အခု နိုးနေတာမဟုတ်ဘူးလား???ဘယ်လိုလုပ် နှိုးရမှာလဲ.....

[ရှဲ့ဟယ်: သိပ်မကြာခင် အကုန်နားလည်လာလိမ့်မယ်....ဒီကမ္ဘာမှာ တိုင်ဆိုင်မှုဆိုတာမရှိဘူးကွ.....အသေးစိတ် အကွက်ချစီစဉ်ထားတာတွေပဲရှိတယ်......]

444 သတိမကပ်သေးခင်မှာပဲ ပြတင်းပေါက်ကနေ မျက်နှာထုံးအမည်းတွေတပ်ထားတဲ့သူနှစ်ယောက် ဝင်လာပြီး ရှဲ့ဟယ်ကို တိုက်ခိုက်လိုက်ကြတယ်။

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now