*43* တုံးအလိုက်တဲ့ကောင်လေး

Start from the beginning
                                    

ရုန်ယိ "......"

ကိုယ်ရံတော်က ဆက်ပြောလာသည်။
"သခင်လေး ကျွန်တော်ပွင့်ပွင့်လင်းလင်းပြောရတာအတွက် စိတ်မရှိပါနဲ့..တစ်ကယ်ဆိုရင် သခင်ငယ်လေးက ကျောင်းတော်ကိုလာပြီးသင်ယူစရာမလိုပါဘူး..အိမ်တော်မှာဘဲ လေ့စိုင့်ရဲ့လမ်းညွှန်မှုအောက်မှာ ကောင်းကောင်းသင်ကြားလို့ရနိုင်တာဘဲလေ"

အစကတော့ လူတိုင်းက ရုန်ယိ ယင်ထောင်ကိုကျောင်းပို့တာကိုသဘောတူခဲ့ကြသည်။ ဘာလို့ဆို အိမ်မှာ ယင်ထောင်နဲ့ကစားဖော်မရှိလို့ဖြစ်၏။ ပြီးတော့ သူအိမ်မှာရှိနေရင်လည်း ရုန်ယိရဲ့ ဆိုးရွားတဲ့စိတ်အခြေအနေနဲ့ရင်ဆိုင်ရနိုင်တာကြောင့် သူတို့တွေက သူ့ကိုကျောင်းသွားပြီး တစ်ခြားကလေးတွေနဲ့ဆော့ကစားစေချင်ခဲ့ကြသည်။ ဒါပေမဲ့ ဒီလိုကိစ္စတွေက ဘယ်လိုလုပ်ဖြစ်လာရတာလဲ..။

ရုန်ယိမေးလိုက်၏။
"ချယ်ရီသီးလေးက ကျောင်းထွက်သင့်တယ်လို့ ပြောချင်တာလား"

ကိုယ်ရံတော်က ခေါင်းငြိမ့်ပြလိုက်သည်။

"ဘာလို့ငါတို့က ကျောင်းထွက်ရမှာလဲ"
ရုန်ယိ ကျင်းထုံကို တစ်ချက်စောင်းကြည့်ပြီးပြောလိုက်သည်။
"အကယ်၍ တစ်ယောက်ယောက်ကျောင်းထွက်ရမယ်ဆိုရင်တောင်မှ အဲ့တာက သူဘဲဖြစ်သင့်တာ"

အဲ့အချိန်မှာ ယင်ထောင်က မီးဖိုထဲကို စိတ်ဝိညာဥ်စွမ်းအားအနည်းငယ်ထည့်လိုက်ပြီး မီးကိုအမြင့်ဆုံးထိမြှင့်တင်လိုက်သည်။ 'ဘုန်း'ဆိုတဲ့ကျယ်လောင်တဲ့အသံနဲ့အတူ မီးတောက်တွေက သန့်စင်နေတဲ့မီးဖိုအပြင်ဘက်ကိုထွက်လာတော့၏။ဒါပေမဲ့ မကြာခင်မှာဘဲပျောက်ကွယ်သွားပြီး အဆင့်၁ သာမန်အဆင့် မှော်လက်နက်တစ်ခုထွင်းထုပြီးစီးသွားသည်။

ယင်ထောင် ပျော်ရွှင်စွာနဲ့ထခုန်လိုက်၏။
"ရသွားပြီ...ရသွားပြီ...ဆရာတူအစ်ကို ကျွန်တော်ရသွားပြီ"

ယင်ထောင်လက်ထဲက အဆင့်၁ မှော်လက်နက်ကိုကြည့်ရင်း ကျင်းထုံမျက်နှာ အုံ့မှိုင်းလာရသည်။ သိပ်မကြာခင်အချိန်တုန်းက ယင်ထောင်မှာ အဆင့်၁ မှော်လက်နက်ကို ဘယ်လိုမှမသန့်စင်နိုင်ခဲ့သေးပေ။  ရက်အနည်းငယ်လေးအတွင်းမှာပင် သူလုပ်နိုင်သွား၏။ သူတို့ဆရာက ယင်ထောင်ကို ဒီလောက်သဘောကျတာ အံ့သြစရာမရှိတော့။

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now