*43* တုံးအလိုက်တဲ့ကောင်လေး

Start from the beginning
                                    

"ကျွန်တော်သွားရှာလိုက်ပါ့မယ်"
ထို့နောက် မြင်းလှည်းမောင်းသမားက ကိုယ်ရံတော်ကိုရှာဖို့ထွက်သွားတော့သည်။

ကိုယ်ရံတော်က ရုန်ယိနဲ့ တစ်ခြားသူတွေကိုတွေ့တဲ့အခါ လျင်မြန်စွာနဲ့ ဂါဝရပြုလိုက်သည်။

ရုန်ယိ သူ့ဒေါသတွေကိုဖိနှိပ်ထားရင်း မေးလိုက်သည်။
"အဲ့တစ်ယောက်က ဘာဖြစ်နေတာလဲ..ချယ်ရီသီးလေးက အခုမှ အသက်၃နှစ်ဘဲရှိသေးတဲ့ ကလေးတစ်ယောက်ဖြစ်ပြီး အခုမှလက်နက်သန့်စင်တာကိုသင်ယူနေတုန်းဆိုတာ သူသိသင့်တယ်။ သူသန့်စင်တဲ့လက်နက်က လူကြီးတွေလုပ်ထားတဲ့ဟာတွေလိုတော့ သေချာပေါက်ကိုဘယ်ကောင်းပါ့မလဲ..။ သူကဘာလို့ တစ်ခြားကလေးတွေကိုသူများတကာရဲ့ ပါဝင်ပစ္စည်းတွေကိုဖျက်ဆီးခွင့်ပြုထားတဲ့အချိန်မှာ ငါ့ကလေးကိုတော့ အရမ်းတင်းကြပ်နေရတာလဲ"

တစ်ကယ်တော့ ကိုယ်ရံတော်လည်းဘဲ ဒေါသတွေအရမ်းထွက်နေတာဖြစ်သည်။
"သခင်လေး..သခင်ငယ်လေးက ဒီကျောင်းတော်ကိုစရောက်တည်းက အနိုင်ကျင့်ခံခဲ့ရတာပါ...သူ့ဆရာတူအစ်ကို ကျင်းထုံက သခင်ငယ်လေးရဲ့ပါရမီနဲ့ ဆရာသခင်ယွမ်ရိကသူ့ကိုမျက်နှာသာပေးတာတွေကိုမနာလိုဖြစ်နေတာမလို့ အမြဲတမ်းသူ့ကိုဆန့်ကျင်နေပြီး တွန်းထိုးဆူပူတာတွေနဲ့ ဘာအမှားမှမလုပ်လည်း သခင်ငယ်လေးကို အမြဲတမ်းအခက်တွေ့အောင်လုပ်နေတာ...ကျွန်တော်တားချင်ပေမဲ့  အဖော်လိုက်လာပေးတဲ့သူကိုအတန်းထဲဝင်ခွင့်မပြုဘူးဆိုတဲ့ စည်းကမ်းကရှိနေတယ်"

ရုန်ယိ ကျင်းထုံကို စိုက်ကြည့်ပြီးမေးလိုက်သည်။
"တစ်ခြားကလေးတွေကရောဘာဖြစ်နေကြတာလဲ..သူတို့ကရောဘာလို့ ငါ့ချယ်ရီသီးလေးနဲ့ အဝေးကြီးမှာထိုင်နေကြတာလဲ"

"အဲ့ကလေးတွေရဲ့ ကိုယ်ရံတော်တွေက အဲ့လိုလုပ်ခိုင်းထားတာ ပထမအချက်က ကျင်းထုံကိုကျေနပ်အောင်လုပ်ဖို့ ဒုတိယအချက်ကတော့ သူတို့တွေသခင်ငယ်လေးကိုမနာလိုဖြစ်နေကြလို့ပါ။ သူတို့က ဆရာသခင်ယွမ်ရိက တစ်ခြားကလေးတွေကိုတော့လုံးဝလျစ်လျူရှုထားပြီး သခင်ငယ်လေးကိုကျတော့အရမ်းမျက်နှာသာပေးတယ်လို့ထင်နေကြတာ ဒါကြောင့် သူတို့က သူတို့သခင်လေးတွေကို သခင်ငယ်လေးနဲ့မကစားကြဖို့ပြောထားကြတာပါ"

ငါလေးကတာဝန်ကျေတဲ့ဇနီးလေးနဲ့မေတ္တာရှင်မိခင်ဖြစ်လာတယ်[ဘာသာပြန်]Where stories live. Discover now