သေချာတာပေါ့ ပြီးဆုံးတော့မယ့်ပရောဂျက်တစ်ခုအနေနဲ့ တောင်ပေါ်က အဆောက်အဦးတွေကို ဆောက်ပြီးသွားပြီဖြစ်သည်။

တောင်အောက်ကိုဆက်ကြည့်မယ်ဆိုရင် အတန်းလိုက်ဖြစ်နေတဲ့အိမ်တွေပေါ်မှာ နောက်တစ်တန်းကိုထပ်မြင်ရမည်ဖြစ်သည် အချို့က ခြံဝင်းအိမ်လေးတွေဖြစ်ကာ၊ အချို့က ဥရောပစတိုင်ဗီလာတွေဖြစ်ပြီး အနည်းငယ်ကတော့ ကျောက်တုံးအိမ်တွေနဲ့ ကောက်ရိုးအိမ်လေးတွေဖြစ်သည်။

ကစားဖို့ပထမဆုံးအကြိမ်ထွက်လာတဲ့ကျင်ရွှင်အတွက်ကတော့ ဒီနေရာမှအရာအားလုံးက ဆန်းသစ်နေသည်။

တောင်ခြေမှာ အပန်းဖြေဥယျာဉ်ကိုဖြတ်သွားတဲ့အချိန် သူအများကြီးမခံစားခဲ့ရပေ ဘာလို့လဲဆိုတော့ ရှဲန်းရှန်ပြောခဲ့တာက အပန်းဖြေဥယျာဉ်ထဲက ပစ္စည်းအများစုက လုံခြုံမှုစောင့်ကြည့်အဆင့်မှာပဲရှိသေးတာမို့ ဆော့ကစားလို့မရသေးပေ။

ဒါပေမယ့် တောင်ထိပ်ကိုတက်တဲ့ ရှုခင်းကြည့်ကားပေါ်ရောက်တဲ့အချိန် သဘာဝမြင်ကွင်းက လုံးဝကိုလွှမ်းမိုးသွားကာ ကျင်ရွှင်ကလုံးလုံးမျက်တောင်ခတ်ချင်စိတ်မရှိတော့ပေ။

တောင်တစ်တောင်လုံးက အလွန်ကိုသန့်ရှင်းနေသည်။ ရှုခင်းကြည့်ကားမောင်းတဲ့ဘေးဘက်လမ်းနှစ်ခုလုံးမှာ ရှေးဟောင်းသစ်ပင်တွေနဲ့ အမျိုးမျိုးသောသဘာဝပေါက်ပင်တွေရှိနေသည်။ သစ်တောကြီးထဲဝင်သွားတဲ့အခိုက်မှာ တေးဆိုနေတဲ့ငှက်လေးတွေနဲ့ ပန်းပွင့်တွေရဲ့ရနံ့က သူတို့ရှေ့ဝယ်ရစ်ဝဲလာသည်။ လမ်းတစ်လျှောက်သူတို့မြင်တဲ့အရာအားလုံးက ရှေးကျပြီးအံ့ချီးဖွယ်ကောင်းနေကာ တစ်စုံတစ်ယောက်ကို အပြည့်အဝလွှမ်းမိုးသွားနိုင်သည်။

“မင်းကြိုက်လား” ရှန်ရိကျင်းက သူ့ကိုမေးလာသည်။

ကျင်ရွှင်က ပွင့်ပွင့်လင်းလင်းပင်ခေါင်းညိတ်ပြကာ သူကြိုက်ကြောင်းဖော်ပြလိုက်သည်။ ရှန်ရိကျင်းရဲ့နှုတ်ခမ်းထောင့်က ခပ်ရေးရေးလေးကော့တက်သွားကာ : “ နေ့လည်ကျရင် ကိုယ်တို့ဒီကိုလာကြမယ်၊ မင်းတိရစ္ဆာန်ဥယျာဉ်ကိုလည်း သွားလည်လို့ရတယ်”

“ဟုတ်ကဲ့” ကျင်ရွှင်ကပြောလိုက်သည်။

သူကရုတ်တရက်တစ်စုံတစ်ခုကို သတိရသွားပြီး
“ ရှဲန်းရှန်ရဲ့အဘိုးကရော အခုဒီမှာပဲလား?”

ဆန်ကုန်မြေလေးGong၏ ဗီလိန်အစ်ကိုအားလက်ထပ်ခြင်း {Completed}Where stories live. Discover now