ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (17)

Start from the beginning
                                    

ပြောပြီးတာနဲ့ နောက်လှည့်မကြည့်ဘဲ အိမ်ထဲကိုဝင်ပြီး တံခါးကို အသံမြည်အောင်ပိတ်ချလိုက်တယ်။

လဲကျမသွားအောင် နံရံကိုမှီပြီး ထိန်းနေရတယ်။တဖြည်းဖြည်းချင်း ကြမ်းပြင်ပေါ် ထိုင်ချလိုက်တယ်။သူ့ရှေ့မှာရပ်နေတဲ့ ကျိုးရိအန်ကို ခေါင်းမော့ကြည့်လိုက်တဲ့အခါ ကျိုးရိအန်က သူ့ကို ရှုပ်ထွေးတဲ့အကြည့်တွေနဲ့ ကြည့်နေတယ်။ကျိုးရိအန်ရဲ့တည်ရှိမှုကို သတိမပြုမိလိုက်ဘူး.......

ရှက်ရွံသွားတာကြောင့် ကျိုးရိအန်ရဲ့အကြည့်တွေကိုရှောင်တိမ်းလိုက်တယ်။

ဒီအချိန်မှာ ချစ်ရသူနဲ့ ဘယ်လိုမျက်နှာချင်းဆိုင်သင့်တယ်ဆိုတာ စဉ်းစားမရတော့ဘူး။ကျိုးရိကျယ်ကိုမြင်လိုက်တိုင်းဘာလို့များ ထိန်းချုပ်မှုတွေ လွှတ်ထွက်ကုန်တာလဲ???ဘာကြောင့်များ ဒီလိုစကားလုံးတွေပြောလိုက်မိတာလဲ???နာကျင်စရာအမှတ်တရတွေကိုမေ့ပစ်နိုင်ပြီလို့ထင်ထားခဲ့ပေမယ့် ဒါတွေကို မမေ့ပစ်နိုင်ခဲ့ဘူး.....လုံးဝမမေ့ပစ်ခဲ့ဘူး.....

သူ့ကိုယ်သူ လှည့်စားပြီး ကျိုးရိအန်ရဲ့ အချစ်တွေကို လက်ခံဖို့ နည်းလမ်းမရှိတော့ပေ။ သူ့နှလုံးသားက မဖြူစင်တော့ဘူး......

ခေါင်းမာမာနဲ့ လှည့်စားထားခဲ့သမျှတွေ အကုန်ပျက်စီးသွားခဲ့လေပြီ.....

အချိန်အတော်ကြာပြီးနောက်၊ ကျိုးရိအန်က   တုန်ရီနေတဲ့ ရှဲ့ဟယ် ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်ပြီး ချိုသာတဲ့လေသံနဲ့

“ အဆင်ပြေပါတယ်.... မကြောက်နဲ့တော့
...သူ မင်းကို နာကျင်အောင် မလုပ်နိုင်တော့ဘူး"

"ငါ...."

ရှဲ့ဟယ်ရဲ့အသံတွေ တုန်ရီအက်ကွဲနေတယ်။လက်ဆစ်တွေအဖြူရောင်ပြောင်းတဲ့အထိ ကျိုးရိအန်ကို တင်းကြပ်စွာဖက်တွယ်ထားလိုက်တယ်။

"ငါ....."

"မင်းဘာမှမပြောနဲ့တော့...ကိုယ် အကုန်နားလည်တယ်။သူမင်းကိုအရင်တုန်းက နာကျင်အောင်လုပ်ထားတဲ့အတွက် အခုလိုမြင်လိုက်ရတော့ မင်း အရမ်းကြောက်သွားတယ်ဆိုတာ ကိုယ်သိတယ်။ကိုယ့်အမှားတွေပါ...ကိုယ် သူ့ကိုအိမ်ထဲပေးမဝင်လိုက်သင့်ဘူး...."

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now