"    ဒါပေါ့ကွာ ငါတောင်အခုမင်းဘက်ကဖြစ်သွားပြီ   မဖြစ်သင့်ဘူး    "

"   သူကငါ့ကိုလုံး၀မချစ်ဘူး  သူ့အပေါကောင်းတဲ့လူကို ပြန်ကောင်းပေးနေတာ   ကြာတော့ သူနဲ့အတူနေရဖို့ ကြောက်လာတယ်ကွာ ... ငါကိုယ်ငါလည်း ဆက်ပြီးသည်းမခံနိုင်တော့ဘူး "

"   မင်းစိတ်ကုန်လာတာလား ?    "

"    ငါမသိဘူး ။   "

"     Jongin ဟိုကောင်လေး ? F**k သူ့အကိုကိုပြန်တိုင်ဦးမယ်   ညီမလေး သွားလို့ရပြီ   "

Sehun တစ်ယောက် သူ့ယောကျ်ားရဲ့ တစ်၀မ်းကွဲညီဖြစ်သူ Taemin ကိုတွေ့တာနဲ့အနားကကောင်မလေးအမြန်သွားခိုင်းလိုက်သည် ။ ကောင်မလေးခမျာသူ့ကို စိတ်ဆိုးသွားသေးတယ် ။ မသွားခိုင်းရင် ဒီကောင်မလေးထက်ဆိုးတဲ့ ဟာလေးနဲ့ သူရင်ဆိုင်ဖို့ စိတ်ကူးမရှိတာကြောင့် ယောက်ဖ အရှေ့မှာတော့လိမ်မာပြရမှာပေါ့ ။ Taemin ကလည်း မျက်နှာငယ်လေးဖြင့် Jongin ကိုတွေ့တာနဲ့ အနားကိုရောက်လာသည် ။ သူ့အချစ်ဦးကြီးလက်ထပ်သွားတာကြောင့် စိတ်အခြေအနေက လုံး၀မကောင်းပါဘူးဆိုမှ တည့်တည့်ကိုတိုးတော့သည် ။ 

"    ကိုကို  သောက်နေတာလား ?    "

"    မင်းအသက်ပြည့်ပြီလား ? Suho သိရင် သေမှာနော်    "

"    18 တော့ပြည့်ပြီးပါပြီ ဗျာ ...  "

"     Huk** လာထိုင်လေကွာ ငါတော့သွားတော့မယ် Jongin  အိမ်ကလူက ဒီထပ်နောက်ကျရင် သာလိကာထက်ဆိုးတယ်    "

Jongin က ယောကျ်ားကြောက်ရသော ငနဲကိုကြည့်ကာ သူ့ကိုယ်သူပိုပြီးစိတ်ပျက်အားငယ်သွားရတယ် ။ သူ့ကိုရော Kyungsoo က သ၀န်တိုမှာလား ? ချုပ်ချယ်မှာလား ? မဖြစ်နိုင် Kyungsoo ကသူ့ကို ဂရုစိုက်မှာမဟုတ်ဘူး ။ ဒါဟာ သူလိုချင်တဲ့ အိမ်ထောင်ရေးကြီလား ? 

"    ကိုကို လက်ထပ်ပွဲအတွက် ဂုဏ်ပြုပါတယ်    "

"  အင်း ... သောက်လေ ငါတိုက်မယ် "

"    ကိုကို့အနားမှာ နှောက်ယှတ်မယ့်လူမရှိတော့လို့ ပျော်နေမှာလား ? ကျွန်တော် ၁၂နှစ်လောက်ထဲက ကိုကို့ကို သဘောကျခဲ့တာ ... အခုတော့ အဲ့လူကိုအခြားလူက ပိုင်သွားပြီ  ပြီးတော့အရင်လိုလဲ ကိုကို ကိုကပ်နိုင်တဲ့အခြေအနေမဟုတ်တော့ဘူး    "

Secret MonsterWhere stories live. Discover now