Ep - 31

171 33 15
                                    

" Kyungsoo ခုဏက အကြောင်းပြန်ဆက်လို့ရမလား ? "

" မရဘူး .... ငါအချိန်လိုတယ် "

" ဘယ်လောက်လဲ ? ငါ ... မင်းကိုဖိအားပေးတာမဟုတ်ပါဘူး Kyungsoo ငါမင်းအပေါ်မျော်လင့်လို့ရလား ? "

" အင်း "

" Kyungsoo ဒါငါ့ရဲ့အရာအားလုံးနဲ့ဆိုင်တဲ့ကိစ္စနော် သေချာရဲ့လား ? "

" သေချာတယ် "

" မင်း သူနဲ့အဆင်မပြေဘူးလား ? မင်းကိုပင်ပန်းအောင်လုပ်နေတာလား ? ငါ့ကိုပြောပြပါ "

Kyungsoo က ခေါင်းခါလိုက်သည် ။ သူမပြောချင်သလို အဓိကအကြောင်းအရင်းကိုလည်းသူမသိဘူး ။ သေချာတာတစ်ခုက ဆရာနဲ့ သူက ဘယ်တော့မှ အဆင်ပြေလာမှာမဟုတ်တာပဲ ။ သူလိုချင်သလို သူဖြစ်ချင်သလို ဆရာ့ဘက်က ရလာမှာမဟုတ်ဘူး ။ ချစ်သူတစ်ယောက်ထားပါတယ် အချိန်ပိုင်း ထမင်းချက်ဖြစ်နေတဲ့သူ့အဖြစ်က ရယ်ဖို့ကောင်းလိုက်တာ .... ဘာအမှတ်တရမှလည်းမရှိသလို ဘာလွမ်းစရာမှမကျန်ရစ်ဘူး ။ အတိတ်ကိုတွေးတွေး အနာဂတ်ကိုတွေးတွေး စိတ်ညစ်စရာ တွေနဲ့ပဲ ပြည့်နေတယ် ။ အဲ့လိုအချစ်မျိုးကို သူ့နှလုံးသားက လိုချင်နေရင်နောင် အသိစိတ်ကမလိုချင်တော့ဘူး။ မင်းကိုယ်မင်း တန်ဖိုးထားပါလို့ သူ့ကိုယ်သူ ပြန်ပြောနေမိတယ် ။ ဆရာနဲ့ပတ်သတ်ပြီး ပေးဆက်ခဲ့သမျှ တွေအားလုံးကို ပြန်အဖက်ဆယ်ချင်သည်။

" မင်းမပြောချင်ရင်လည်း မမေးတော့ဘူး ဒါပေမဲ့ မင်းလှည့်ပြန်လာချိန်တိုင်းမှာ ငါရှိနေတယ်ဆိုတာ သိပေးပါ "

" ကျေးဇူးပါ Jongin ငါကမင်းအချစ်အတွက် တန်ရဲ့လားမသိဘူး "

လူတစ်ယောက်ကိုမချစ်ပဲ အဲ့လူရဲ့အချစ်ကိုလိုချင်နေတယ်တဲ့လေ ။ ဒါပေမဲ့ ဘယ်လိုလုပ်မလဲ .... လူတွေကပြောတယ် သူအချစ်ကိုရွေးရင်ပျော်ရမယ်တဲ့ ။ ဒါဆို ကိုယ်ကမချစ်ပင်မယ့်လည်း ပျော်ရွှင်ရမယ့် Relationship တစ်ခုကို လိုချင်မိသည် ။ သူလည်း အချစ်ခံကြည့်ချင်တယ် .... သူ့ကိုသာကြည့်ပြီး သူ့တစ်ယောက်ထဲအတွက် ဖြစ်တည်မှုမျိုးကို လိုချင်သည် ။ အချစ်အတွက် အရာရာရင်ဆိုင်ပေးမယ့်လူမျိုး သူ့လက်ကိုလူကြားထဲတွဲချင်တဲ့ လူမျိုးကို လိုအပ်သည် ။ ဒါတွေဟာ တစ်ချိန်က ဆရာနဲ့အတူတွေးထားတာဖြစ်ပေမဲ့ ..... ဆရာဆီက ရနိုင်မယ်လို့ မထင်ပါ ။

Secret MonsterWhere stories live. Discover now