Ep - 18

301 55 24
                                    

မနက်11:00 လောက်မှ Jongin နိုးလာတော့ သူမနေ့ညက Kyungsooအိမ်လိုက်လာတာ သတိရတော့သည် ။ တကယ်တော့ မနေ့ကအရမ်းမူးမနေသော်လည်း Kyungsoo အိမ်ရောက်ရန်ဥာဏ်ဆင်ခဲ့ပေမဲ့ English ဆရာကြောင့် Kyungsoo အခန်းထဲပြန်ထွက်သွားပြီးနောက် သူလည်း အတော်ကြာကြာအထိ Kyungsoo ကိုစောင့်ပါသေးတယ် ဒါပေမဲ့ အရက်ရှိန်ကလည်းရနေတော့ သူအိပ်ပျော်သွားခဲ့သည် ။

Kyungsoo အခန်းထဲကထွက်လာသော Jongin ကိုစောင်းငဲ့ကြည့်လိုက်သည် ။ မနေ့ညက ဆရာပြောတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အကြောင်းအရင်းကိုမေးချင်ပေမဲ့ ဆရာ့နဲ့ သူ့ရဲ့ကိစ္စထဲ Jongin ကိုဆွဲမထည့်ချင်တာကြောင့် ထိုကိစ္စကိုမမေးတော့ဘူးလို့ဆုံးဖြတ်လိုက်သည် ။ သို့ပေမဲ့ သူ့ရဲ့တစ်ဖက်သားကို အားနာတတ်သောစိတ်ကြောင့် Jongin ပြောသမျှတွေကို လိုက်လျောပေးနေမိမှန်းလည်း သူသိပါတယ် ။ တကယ်တော့ လိုက်လျောတယ်ဆိုတဲ့အရာကလည်း သူငယ်ချင်းတွေကြားထဲဖြစ်လေ့ရှိတဲ့အရာပဲ မဟုတ်လား ? သူလည်းလုပ်စရာကအဲ့လောက်များမနေဘူး သွားစရာရှိသွားလိုက်တယ် ။စားစရာရှိစားလိုက်တယ် ။ ဒီလိုအခြေအနေတစ်ခုကို တွဲနေပါတယ်ဆိုပြီး ဆုံးဖြတ်ရအောင် ဘာအမှားတွေရှိလို့လဲ ? ဆရာကိုယ်တိုင်ကိုက သူ့အပေါ်အမြဲတမ်း အပစ်ရှာဖို့ပဲ သိနေတာနေမည် ။

"    မင်းခေါင်းမူးနေတယ်မှတ်လား ? ပဲပိစပ် ချဥ်ရည်ချက်ထားတယ် ပူတုန်းလေးသောက်လိုက်ဦး  ထမင်းရောယူမလား ?    "

"    ယူမယ်    "

"     ဖြေးဖြေးစားဦး မင်းကားကို သူငယ်ချင်းတွေနဲ့တူတယ် လာထားသွားတယ် ငါတို့တိုက်အောက်မှာ    "

"     အင်း မင်းရောစားပြီးပြီလား  ဒီနေ့အလုပ်မရှိဘူးလား ?    "

"     2နာရီမှသွားရမှာ    "

"     ဒါဆို ငါပြန်ရင်းနဲ့ မင်းအလုပ်ကိုပို့ပေးမယ်လေ    "

"     အင်း အဲ့လိုလုပ်လေ     "

Kyungsoo တို့နှစ်ယောက်စကားပြောရင်းအချိန်ကုန်နေသည် ။ Kyungsoo အမေကတော့ သူမရဲ့အလုပ်ကိုသွားတာဖြစ်မည် ။ Jongin က သူ့အနားမှာထိုင်ကာ ဖုန်းကြည့်နေသော Kyungsoo ကိုသဘောကျစွာကြည့်နေခဲ့သည် ။ သူ့အနေဖြင့် လူတစ်ယောက်ကို အတည်ပေါက် သဘောကျလာမယ်လို့ အထင်ခဲ့ဖူးဘူး .... ညတုန်းက သူ့ပုံစံကိုမြင်ပြီး Kyungsoo သူ့အပေါ်အထင်သေးသွားမှာစိုးသည် ။ တကယ်တော့ ဒီကောင်လေးနဲ့တွေ့ပြီး မိန်းမတစ်ယောက်ကိုတော်ရုံရင်မခုန်တတ်တော့ဘူး သူသတိထားမိတာ Kyungsoo ဟာအစထဲက အခြားလူတွေနဲ့မတူဘူး ။ အရမ်းဖြူစင်လွန်းတယ်  အဲ့အဖြူရောင်လေးက  အရောင်စွန်းပစ်ချင်အောင် တိုက်တွန်းနေတာကြောင့် ချဥ်းကပ်ခဲ့ခြင်းဖြစ်ပေမဲ့ တကယ်တမ်းတော့ သူ့စိတ်တွေလည်း အဖြူရောင်တွေ ဆေးစက်ထင်နေခဲ့ပြီ ။ ပြန်ဖျက်မရမှာကြောက်မိပါတယ် ။

Secret MonsterWhere stories live. Discover now