" ရန်ကုန်ကဆိုတာလား "

" ဟုတ်ကဲ့ အကို "

" အကို့နာမည်က နေမင်းညို
သူက အကို့ကောင်မလေး ဆုရည်တဲ့ "

" ဟုတ်ကဲ့အကို ကျွန်တော့်နာမည်က ဒိတ် "

" ဒိတ် "

သူနောက်တစ်ခေါက် ကျွန်တော့်နာမည်ကို ပြန်ခေါ်တော့ ကျွန်တော်ပြုံးပြလိုက်သည်။ တွေ့တဲ့သူတိုင်း နှစ်ခါပြန်မေးရတဲ့ နာမည်ဖြစ်နေသည်။ ခက်လို့မဟုတ်ပဲ ဆန်းလို့နေပါမည်။
ကျွန်တော်တို့ စကားပြောနေချိန် မမရောက်လာပြီး

" နင်တို့အတွဲ ဘာတွေစပ်စုနေတာလဲ "

ထိုအခါ မမဆုရည်က မျက်စောင်းခဲပြီး ငါတို့ဘာမေးမေး နင့်အပူလားလို့ ထမေးသည်။

" ဘာမှမမေးရသေးဘူး နင်ရောက်လာတာ
ငါတို့က ဘာမေးရမှာလဲ နာမည်ပဲပေါ့ "

နှစ်ယောက်တစ်ယောက် မမကိုဝိုင်းပြောနေတာကြောင့် ကျွန်တော်က ပြာပြာသလဲနဲ့

" မဟုတ်ပါဘူး မမက ဘာမေးလဲပဲမေးတာပါ တခြားဘာမှ မပြောဘူးလေ "

ကျွန်တော်အူတူတူ ထပြောလိုက်တာကြောင့် မမတို့သုံးယောက်လုံး သဘောကျစွာ ရယ်မောကြတော့သည်။ မမကလည်း ကျွန်တော့်ကို ရွှန်းရွှန်းစားစား ကြည့်နေတာကြောင့် ငါတော့မှားပြီ ဆိုပြီး ချက်ချင်းသဘောပေါက်လိုက်၏။

သုံးယောက်လုံး ဝိုင်းကြည့်နေတာကြောင့် ကျွန်တော်ချွေးများပင် ပြန်နေပြီ။

" ကဲ ကဲ စားစရာရှိတာစားကြ ဟိုမှာရှက်နေပြီ "

မမပြောလိုက်မှပဲ ကျွန်တော်အနေချောင်သွားတော့သည်။ ဒါတောင် ဟိုအတွဲက စပ်ဖြီးဖြီး ဖြစ်နေသေး။ တကယ့်လူတွေပါဗျာ ရိပ်မိစေချင်သူက မရိပ်မိပဲ သူတို့နှစ်ယောက်က ရိပ်မိနေတာ။
တကယ့်ကို တလွဲကြီးပါပဲ။

ကျွန်တော်တို့ လေးယောက်ထဲ အိမ်မှာစားလိုက်သောက်လိုက်နဲ့ လွတ်လွတ်လပ်လပ်ရှိနေကြသည်။မမတို့သုံးယောက်က ရယ်လိုက်မောလိုက်နဲ့ ဘာတွေပြောနေမှန်းမသိ ကျွန်တော်က ထောင့်တစ်ခုနားကပ်နေပြီး

ထူးအိမ်သင် သီချင်းလေးကိုဖွင့်ကာ အေးဆေးသာယာနေသည်။ ခဏနေတော့ ဟိုအတွဲအနားရောက်လာပြီး

မမ ( Complete )Where stories live. Discover now